Saturday, June 22, 2013

မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် လူကုန်ကူးမှုအများစုမှာ တရုတ်နိုင်ငံသို့ ဦးတည်နေသည့် အမှုများဖြစ်သည်ဟုဆို

မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် လူကုန်ကူးမှုအများဆုံးသည် တရုတ်နိုင်ငံသို့ဦးတည်နေသည့် အမှုများဖြစ်သည် ဟု မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာအရသိရသည်။
ဇွန်လဆန်းပိုင်းတွင်ထွက်ရှိသည့် အဆိုပါအစီရင်ခံစာတွင် လူကုန်ကူးမှုကိုဖော်ထုတ်နိုင်သည့် အမှုပေါင်း ၁၂၀ တွင် တရုတ်နိုင်ငံသို့ဦးတည်နေသည့်အမှုပေါင်း ၈၂ မှုရှိသည်ဟုသိရသည်။

" ဒီဟာတွေကတိုင်လိုက်လို့တက်လာတဲ့ အမှုတွေနဲ့ပတ်သတ်တဲ့အချက်အလက်တွေ၊ အပေါ်ကိုရောက် မလာတဲ့ တက်မလာတဲ့အမှုတွေ ဘယ်လောက်ရှိလဲ မသိရဘူး။ မနှစ်ကထက်လျှော့တယ်ဆိုပေမယ့် တစ်ကယ် လျှော့မလျှော့တိတိကျကျပြောရခက်တယ် " ဟု UNAIP မှ လူကုန်ကူးမှု ကိစ္စများဆောင် ရွက်ပေးနေသည့် ၀န်ထမ်းတစ်ဦးကပြောသည်။

လူကုန်ကူးမှုအများဆုံးဖြစ်ပွားသည့်နေရာမှာ ရှမ်းပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၌ လူကုန် ကူးခံရမှု ၆၈.၃ ရာခိုင်နှုန်းရှိကာ ၂၀၁၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၀.၈ ရာခိုင်နှုန်းသာ လျှော့ကျခဲ့သည်။

" တရုတ်ကိုဦးတည်နေတဲ့ လူကုန်ကူးမှုကို ရပ်တံ့သွားအောင်လုပ်ဖို့ကတော်တော်ခက်တယ်။ နယ်စပ် မှာ မြန်မာ အမျိုးသမီးတွေကို သတို့သမီးတွေအဖြစ် ချိတ်ဆက်ပေးတဲ့အေဂျင်စီတွေ ပေါလာတယ်။ စီးပွားရေး အဆင်မပြေလို့ သိသိကြီးနဲ့သွားတဲ့သူတွေလည်းရှိတယ် " ဟု ၂၀၀၈ ခုနှစ်မှစတင် ၍ လူကုန်ကုးမှု တိုက် ဖျက်ရေးအတွက် ဆောင်ရွက်နေသည့် Korea Women Action မှ မနန့်သန္တာအောင် ကဆိုသည်။ အမေရိ ကန်အစိုးရ၏ ၂၀၁၂ လူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုမှတ်တမ်းတင် ထားပြီး ၂၀၁၂ သည် ကလေး စစ်သား၊အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ပတ်သတ်၍ နိုင်ငံတကာ၏ ပြစ် တင်ဝေဖန်စွပ်စွဲချက်များ ရပ်ဆိုင်သွားသည့်နှစ်ဖြစ်သည်။

ယနေ့ခေတ်

No comments:

Post a Comment