Saturday, June 29, 2013

ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်

Photo: ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်
Saturday, June 29, 2013

ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့
အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ်သစ်အဖြစ် မြန်မာနိုင်ငံ
ရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်
ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၁၄ ခုနှစ် ဆောင်းရာသီတွင် Sanctuary Ananda ကို စတင်ပြေးဆွဲရန် စီစဉ်ထားပြီး ရေးဆွဲပြင်ဆင်ထားသည့် ခရီးစဉ် စုစုပေါင်းမှာ ရှစ်ခု ဖြစ်သည်။ Sanctuary Ananda သင်္ဘောသည် ပုဂံနှင့် မန္တလေးအကြား သုံးည၊
လေးည၊ ခုနစ်ည ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းနှင့် ချင်းတွင်းမြစ်အတွင်း အတွေ့အကြုံ သစ်တစ်ရပ် အနေဖြင့် ကြည့်ရှုလေ့လာနိုင်မည့် ခုနစ်ည၊ ၁၀ ည၊ ၁၁ ည ခရီးစဉ်တို့ကို အသီးသီး ရေးဆွဲထားသည်။ ယင်းခရီးစဉ်အတွင်း ဗန်းမော်၊ ဟုမ္မလင်း၊ ပြည်မြို့များ ပါဝင်မည်ဟု သိရသည်။

ရန်ကုန်မြို့သို့ပါ သွားရောက်မည့် ခရီးစဉ်ကို တစ်နှစ်အတွင်း နှစ်ကြိမ်ထည့်သွင်း ရေးဆွဲထားသည်။

Sanctuary Ananda သည် နေ့စဉ်အတွက် ရေးဆွဲထားသည့် ခရီးစဉ်အတိုင်း ပြေးဆွဲရာတွင် မြန်မာနိုင်ငံတွင်းရှိ ကျေးရွာငယ်များမှ ခင်မင်ဖော်ရွေသော ဒေသခံများ၊ ရိုးရာလက်မှုများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ရှေးဟောင်းဗိသုကာ လက်ရာများ စသည်တို့ကို လေ့လာနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် ပါဝင်မည့် ဧည့်လမ်းညွှန်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကျွမ်းကျင် ဧည့်လမ်းညွှန်များဖြစ်ပြီး သင်္ဘောခရီးစဉ်အတွင်း နိုင်ငံတကာ အစားအသောက်များနှင့်အတူ မြန်မာတိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကိုပါ ထည့်သွင်းထားမည် ဖြစ်သည်။

Sanctuary Retreats သည် ၁၉၉၉ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ Sanctuary Olonana အမည်ဖြင့် တောလည်ခရီးစခန်း တစ်ခုကို ဖွင့်လှစ်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဇမ်ဘီယား၊ ဘော့စ်ဝါနာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါတို့တွင် တောတွင်းစခန်း ဧည့်ဂေဟာ ၁၂ ခုကို လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ ထို့အတူ ကမ္ဘာတစ်ဝန်းရှိ အလှပဆုံးသော မြစ်များအတွင်း လှည့်လည်ပို့ဆောင်သည့် ခရီးစဉ်များကို စီစဉ်နေပြီး ယင်းအနက် အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ တရုတ်နိုင်ငံမှ ယန်စီမြစ် ပါဝင်ကာ ယခုနှစ်တွင် ဧရာဝတီ၊ ချင်းတွင်း ခရီးစဉ်အား ထည့်သွင်းခြင်း
ဖြစ်သည်။

eleven media group
ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့ အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ် သစ်အဖြစ် မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။ ၂၀၁၄ ခုနှစ် ဆောင်းရာသီတွင် Sanctuary Ananda ကို စတင်ပြေးဆွဲရန် စီစဉ်ထားပြီး ရေးဆွဲပြင်ဆင်ထားသည့် ခရီးစဉ် စုစုပေါင်းမှာ ရှစ်ခု ဖြစ်သည်။ Sanctuary Ananda သင်္ဘောသည် ပုဂံနှင့် မန္တလေးအကြား သုံးည၊ လေးည၊ ခုနစ်ည ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းနှင့် ချင်းတွင်းမြစ်အတွင်း အတွေ့အကြုံ သစ်တစ်ရပ် အနေဖြင့် ကြည့်ရှုလေ့လာနိုင်မည့် ခုနစ်ည၊ ၁၀ ည၊ ၁၁ ည ခရီးစဉ်တို့ကို အသီးသီး ရေးဆွဲထားသည်။ ယင်းခရီးစဉ်အတွင်း ဗန်းမော်၊ ဟုမ္မလင်း၊ ပြည်မြို့များ ပါဝင်မည်ဟု သိရသည်။

ရန်ကုန်မြို့သို့ပါ သွားရောက်မည့် ခရီးစဉ်ကို တစ်နှစ်အတွင်း နှစ်ကြိမ်ထည့်သွင်း ရေးဆွဲထားသည်။

Sanctuary Ananda သည် နေ့စဉ်အတွက် ရေးဆွဲထားသည့် ခရီးစဉ်အတိုင်း ပြေးဆွဲရာ တွင် မြန်မာနိုင်ငံ တွင်းရှိ ကျေးရွာငယ်များမှ ခင်မင်ဖော်ရွေသော ဒေသခံများ၊ ရိုးရာလက်မှုများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ရှေးဟောင်းဗိသုကာ လက်ရာများ စသည်တို့ကို လေ့လာနိုင်ရန် စီစဉ်ထား သည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် ပါဝင်မည့် ဧည့်လမ်းညွှန်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကျွမ်းကျင် ဧည့်လမ်းညွှန်များဖြစ်ပြီး သင်္ဘောခရီးစဉ်အတွင်း နိုင်ငံတကာ အစားအသောက်များနှင့် အတူ မြန်မာ တိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကိုပါ ထည့်သွင်းထားမည် ဖြစ်သည်။

Sanctuary Retreats သည် ၁၉၉၉ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ Sanctuary Olonana အမည်ဖြင့် တောလည် ခရီးစခန်း တစ်ခုကို ဖွင့်လှစ်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဇမ်ဘီယား၊ ဘော့စ်ဝါနာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါတို့တွင် တောတွင်းစခန်း ဧည့်ဂေဟာ ၁၂ ခုကို လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ ထို့အတူ ကမ္ဘာတစ်ဝန်းရှိ အလှပဆုံးသော မြစ်များအတွင်း လှည့်လည်ပို့ဆောင်သည့် ခရီးစဉ်များကို စီစဉ်နေပြီး ယင်းအနက် အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ တရုတ်နိုင်ငံမှ ယန်စီမြစ် ပါဝင်ကာ ယခုနှစ်တွင် ဧရာဝတီ၊ ချင်းတွင်း ခရီးစဉ်အား ထည့်သွင်းခြင်းဖြစ်သည်။

eleven media group

No comments:

Post a Comment