Thursday, June 6, 2013

စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေးအတွက် စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီမှ သိရသည်။


ယာဉ်အစီးရေ ၁၂၈ စီးဖြင့် မထသ (မြို့တွင်း) စီမံမှုအောက်ရှိ ၅၇ ယာဉ်လိုင်း၊ ၄၃ ယာဉ်လိုင်း၊ ၄၀ ယာဉ်လိုင်း၊ အနောက်ပိုင်းခရိုင် စီမံမှုအောက်ရှိ ၂၄၉ ယာဉ်လိုင်း၊ တောင်ပိုင်းခရိုင် စီမံမှုလက်အောက်ရှိ ၂၅၈ ယာဉ်လိုင်း၊ သုံးခွ-ရန်ကုန် အေဘီစီယာဉ်လိုင်း၊ မြောက်ပိုင်းခရိုင် စီမံမှုလက်အောက်ရှိ ၁၂၄ ယာဉ်လိုင်း၊ ရွှေရန်ကုန် စီမံမှုလက်အောက်ရှိ ၁၄၂ ယာဉ်လိုင်း၊ ၇၄ ယာဉ်လိုင်း၊ ပြည့်မဏ္ဍိုင်ယာဉ်လိုင်း၊ ၆၇ ယာဉ်လိုင်း၊ မှော်ဝန်းသား ယာဉ်လိုင်း၊ သီဟဒီပ ယာဉ်လိုင်း၊ ဒီပယာဉ်လိုင်း ၊ ၆၈ ယာဉ်လိုင်း၊ ရွှေမြန်မာယာဉ်လိုင်း၊ ဥက္ကံ-ဆူးလေ၊ သီဟရာဇာ ယာဉ်လိုင်း၊ ရွှေမြင်းပျံယာဉ်လိုင်း စီမံမှုလက်အောက်ရှိ ၁၂၉ ယာဉ်လိုင်း ကန္ဒရ၀တီယာဉ်လိုင်း စီမံမှုအောက်ရှိ ကန္ဒရ၀တီယာဉ်လိုင်း စသည့်ယာဉ်လိုင်းများတွင် ပြေးဆွဲသွားကြမည် ဖြစ်သည်ဟု သိရသည်။

"ဒီကားတွေက ယာဉ်လိုင်းတွေမှာ ၀င်ရောက်ပြေးဆွဲခွင့် ကျပြီးလို့ စီအင်န်ဂျီ ထုတ်ယူဖို့အတွက် စွမ်းအင်ကို တင်ပြထားပါတယ်။ စီအင်န်ဂျီ ကျတာနဲ့ အမြန်ဆုံး ပြေးဆွဲသွားမှာပါ" ဟု မထသ (ဗဟို) ပို့ဆောင်ရေးဌာနမှ ဌာနမှူး ဦးသန်းဆွေက ဆိုသည်။

ယာဉ်အိုယာဉ်ဟောင်း စနစ်ဖြင့် တင်သွင်းလာပြီး ရန်ကုန်မြို့တွင်း ကျန်ရှိနေသည့် ဘတ်(စ်)ကားများကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်လိုင်းအဖြစ် ပြေးဆွဲနိုင်ရန် အစိုးရမှ စီအင်န်ဂျီ ကုဗပေ တစ်သန်းပေးမည်ဟု ဇန်န၀ါရီ ၁ ရက်က ထုတ်ပြန်ထားသည်။
ELEVEN

No comments:

Post a Comment