Sunday, June 23, 2013

ဆီးရီးယား အစိုးရကို ဆန့်ကျင်သော အဓိက အတိုက်အခံ နိုင်ငံများ အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးပွဲအား ဇွန် ၂၂ ရက်တွင် ကာတာ၌ ကျင်းပမည်

ဆီးရီးယား အစိုးရကို ဆန့်ကျင်သော အဓိက အတိုက်အခံ နိုင်ငံများ အဖွဲ့သည် ဆီးရီးယား နိုင်ငံ၏ အတိုက် အခံ တပ်ဖွဲ့ များထံသို့ လက်နက်များ ထောက်ပံ့ပေးရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ်အား ဇွန် ၂၂ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဆီးရီးယား အစိုးရကို ဆန့်ကျင်သော အဓိက အတိုက်အခံ နိုင်ငံ ၁၁ နိုင်ငံမှ ကိုယ်စားလှယ် များဖြစ်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၊ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး၊ ဂျာမနီ၊ အီတလီ၊ ဂျော်ဒန်၊ ဆော်ဒီအာရေး ဗီးယား၊ ကာတာ၊ တူရကီ၊ အီဂျစ်နှင့် အာရပ် စော်ဘွား များ ပြည်ထောင်စု မှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်သွား မည်ဖြစ်ကြောင်း ပြင်သစ် သံတမန် တစ်ဦးက ပြောကြားခဲ့ သည်။ ထို့နောက် မြေပြင်တွင် လက်ရှိ အခြေအနေမှာ ဆီးရီး ယား တပ်ဖွဲ့များက ကူဆာမြို့မှ နေ၍ အလက်ပိုမြို့နှင့် နိုင်ငံတောင်ပိုင်း ဒေသများကို ဆက်လက် သိမ်းပိုက်ရန် ခြိမ်းခြောက် လာနိုင်သည့် အတွက် အရေးပေါ် အခြေအနေသို့ ရောက်ရှိနေကြောင်းနှင့် စစ်အင်အား ညီမျှမှုရှိရန် အတွက် အတိုက်အခံ တပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ သည်။

From...မြ၀တီ

No comments:

Post a Comment