ဧရာဝတီတိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းဖုန်း ချထားပေးမှု ယခင်လထက်
အလုံးရေ ၈၀၀၀ ကျော် လျော့နည်းမည်ဖြစ်ပြီး နေရာ ၂၇ နေရာတွင်သာ
ရောင်းချပေးမည်ဖြစ်ကာ ဇွန် ၂၀ ရက်တွင် ချထားပေးမည်ဖြစ်ကြောင်း
တိုင်းဒေသကြီး ဆက်သွယ်ရေးထံမှ စုံစမ်းသိရှိရသည်။
တန်ဖိုးနည်းဖုန်းများ စတင်ချထားပေးစဉ်က တိုင်းဒေသကြီးအတွင်း နေရာ ၃၀
အတွက် အလုံးရေ ၄၁၀၀၀ လုံး ချထားပေးခဲ့ပြီး ဒုတိယအသုတ် ချထားပေးမှုတွင်
တိုင်းဒေသကြီးအတွင်း ၃၁ နေရာအတွက် အလုံးရေ ၃၉၂၃၄ လုံး ချထားပေးခဲ့ကာ
အလုံးရေ ၁၇၀၀ ကျော် လျော့နည်းရရှိ ခဲ့သည်။ စတင်ချထား ပေးခဲ့စဉ်က
တိုင်းဒေသကြီးအတွင်း 800 MHz စခန်း ၃၀ သာ ရှိခဲ့ပြီး ယခု တတိယအကြိမ်
ချထားပေးချိန်တွင် 800 MHz စခန်း ၃၄ နေရာအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဇွန် ၁၅ ရက်က နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဆက်သွယ်ရေး
ဝန်ကြီးဌာနက စက်ပစ္စည်းနှင့် BTS စခန်းအသစ်များ တိုးချဲ့နေဆဲဖြစ်သည့်
တိုင်းဒေသကြီးများတွင် ဖုန်းလိုင်းကျပ်၍ အဆင်မပြေမှုများ မဖြစ်ပေါ်စေရေးအတွက်
SIM card အရေအတွက် လျှော့ရောင်းမည်ဟု ကြေညာခဲ့သည့် ပြည်နယ်နှင့်
တိုင်းဒေသကြီး ခြောက်ခုတွင် ဧရာဝတီတိုင်း ဒေသကြီးလည်း ပါဝင်ခဲ့သည်။
From....EMG
No comments:
Post a Comment