Friday, June 7, 2013

ဘန်ကောက် မြို့မြန်မာ သံအရာ ရှိများ မဲဆောက် ကိုသွား

Photo: ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်ကိုသွား 
Friday, June 07, 2013

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့အကြောင်းပြောကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာအလုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။

မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီblog
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့ အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေ မခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင် ရွက်ပြီး မြန်မာနိုင်ငံ သား တွေရဲ့အကျိုးကိုပူးပေါင်းေ ဆာင်ရွက်မှာဖြစ် တဲ့အတွက် ဒီနေ့မှာလာေ ရာက်တွေ့ ဆုံရတဲ့ အကြောင်းပြော ကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော် တဆမှုကြောင့် သေ ဆုံးသွား တဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာ အလုပ်သမား အရေးဆောင် ရွက်နေ တဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန် သမျှကို မြန်မာသံရုံးက အချိန်မရွေးအကူအညီပေး မှာဖြစ်တဲ့ အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက် လာတဲ့ မြန်မာ အလုပ်သမား အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာ အလုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေး ကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့ လိုသေးတဲ့အကြောင်း ပြော ဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမား အရေးဆောင်ရွက်ေ နကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေ ရဲ့အခက် အခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာ နတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။မဲဆောက်မှာ ဒီနေ့ပြုလုပ်တဲ့ေ ဆွးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment