မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၅၀၀
တန် ဆင်းကတ်များဖြင့် အာဆီယံနိုင်ငံများသို့ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြင့်
မိုဘိုင်းဖုန်း ခေါ်ဆို၍ ရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း
ခေါ်ဆို၍လည်း မရနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး
သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ဆိုသည်။
| ဒီကျပ် ၁၅၀၀ တန်ဖုန်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်လို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ အရင်ချပေးထားတဲ့ ကျပ် ၁၅ သိန်းတန် ဖုန်းတွေတောင် မရတာ သူတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်လဲဆိုတာတော့ ဆရာလည်း မပြောတတ်တော့ဘူး . . . . . |
အပြင်တွင် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများဖြင့် အာဆီယံနိုင်ငံများသို့
ဖုန်းခေါ်ဆိုနိုင်သည်ဟု သတင်းများ ထွက်နေကြောင်း ကျပ် ၁၅၀၀ တန်ဖုန်းများကို
ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင်
စတင်ရောင်းချပေးခဲ့ပြီး တစ်လလျှင် ဆင်းကတ်အရေအတွက် ၃၅၀၀၀
ရောင်းချပေးကြောင်း သိရသည်။
From...EMG
အမှန်ကိုမသိခဲ့တဲ့ကျောင်းအုပ်ကြီးပါလား။
ReplyDelete