Thursday, June 13, 2013

အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် မက်ဆီ စုံစမ်းစစ်ဆေးခံရ

Photo: အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် မက်ဆီ စုံစမ်းစစ်ဆေးခံရ
Thursday, June 13, 2013

အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေ . . . .

ဘာစီလိုနာဘောလုံးအသင်း ကစားသမား လီယွန်နယ်လ် မက်ဆီနှင့် ၎င်း၏ဖခင်တို့အား အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် စပိန်နိုင်ငံတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အခွန်ငွေလိမ်လည်မှုဖြင့် မက်ဆီနှင့် ၎င်း၏ဖခင်ကို တာဝန်ရှိသူများက သံသယံရှိနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းတွင် ကစားနေသည့် မက်ဆီ၏ အသားတင်လစာမှာ တစ်နှစ်လျှင် ယူရိုငွေ ၁၆ သန်းဖြစ်ပြီး ဝင်ငွေအများဆုံး အားကစားသမားတစ်ဦးလည်း ဖြစ်သည်။ မက်ဆီနှင့် ဖခင်ဖြစ်သူတို့အား ဘာစီလိုနာရှိ တရားရုံးတစ်ခုတွင် အခွန်ငွေတိမ်းရှောင်မှုဖြင့် အစိုးရရှေ့နေ ရော်ကေး အမာဒိုက ဗုဒ္ဓဟူးနေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ မက်ဆီနှင့် ၎င်း၏ဖခင်တို့သည် ဘီလစ်ဇ်နှင့် ဥရုဂွေးရှိ ကုမ္ပဏီများထံ မက်ဆီ၏ပုံရိပ် အသုံးပြုခွင့်ကို ရောင်းချလျက် စပိန်တွင် အခွန်ငွေတိမ်းရှောင်ခဲ့ကြောင်း သံသယံရှိနေသည်။ 

မက်ဆီ ဘောလုံးကစားလျက်ရှိသော စပိန်နိုင်ငံပြင်ပတွင် အခြေစိုက်သည့် ကုမ္ပဏီများကို အသုံးချကာ အခွန်ငွေ ယူရို ၄ သန်းကျော် တိမ်းရှောင်နိုင်ရန် မက်ဆီနှင့် ဖခင်ဖြစ်သူ ဟိုရာစီယိုတို့က လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည်။ အကယ်၍ ယခုအမှုတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မက်ဆီမှာ ထောင်ဒဏ် ၆ နှစ်အထိ ကျခံရဖွယ်ရှိပြီး ကြီးမားသည့် ဒဏ်ငွေတစ်ရပ်လည်း ပေးဆောင်ရမည်ဖြစ်ကြောင်း စပိန်သတင်းဌာန EFE က ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မီဒီယာများထံမှသာ သိရှိခဲ့ရခြင်းဖြစ်ပြီး အံ့အားသင့်မိကြောင်း မက်ဆီက ပြောကြားသည်။ ၎င်းတို့အနေဖြင့် မည်သည့်အခါကမျှ ဥပဒေချိုးဖောက်မှု မပြုခဲ့ကြောင်း၊ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အပြည့်အဝ ပေးဆောင်ခဲ့ကြောင်းနှင့် အခွန်ငွေဆိုင်ရာ ၎င်းတို့၏ အကြံပေးဖြစ်သူက ယခုပြဿနာကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း မက်ဆီက ဆက်လက်ပြောကြားသည်။ 


Planet.com.mm

(မက်ဆီနှင့် ၎င်း၏ဖခင် ဟိုရာစီယို)
အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေ . . . .
ဘာစီလိုနာဘောလုံးအသင်း ကစားသမား လီယွန်နယ်လ် မက်ဆီနှင့် ၎င်း၏ဖခင်တို့အား အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် စပိန်နိုင်ငံတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အခွန်ငွေလိမ်လည်မှုဖြင့် မက်ဆီနှင့် ၎င်း၏ဖခင်ကို တာဝန်ရှိသူများက သံသယံရှိနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းတွင် ကစားနေသည့် မက်ဆီ၏ အသားတင်လစာမှာ တစ်နှစ်လျှင် ယူရိုငွေ ၁၆ သန်းဖြစ်ပြီး ဝင်ငွေအများဆုံး အားကစားသမားတစ်ဦးလည်း ဖြစ်သည်။ မက်ဆီနှင့် ဖခင်ဖြစ်သူတို့အား ဘာစီလိုနာရှိ တရားရုံးတစ်ခုတွင် အခွန်ငွေတိမ်းရှောင်မှုဖြင့် အစိုးရရှေ့နေ ရော်ကေး အမာဒိုက ဗုဒ္ဓဟူးနေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ မက်ဆီနှင့် ၎င်း၏ဖခင်တို့သည် ဘီလစ်ဇ်နှင့် ဥရုဂွေးရှိ ကုမ္ပဏီများထံ မက်ဆီ၏ပုံရိပ် အသုံးပြုခွင့်ကို ရောင်းချလျက် စပိန်တွင် အခွန်ငွေတိမ်းရှောင်ခဲ့ကြောင်း သံသယံရှိနေသည်။

မက်ဆီ ဘောလုံးကစားလျက်ရှိသော စပိန်နိုင်ငံပြင်ပတွင် အခြေစိုက်သည့် ကုမ္ပဏီများကို အသုံးချကာ အခွန်ငွေ ယူရို ၄ သန်းကျော် တိမ်းရှောင်နိုင်ရန် မက်ဆီနှင့် ဖခင်ဖြစ်သူ ဟိုရာစီယိုတို့က လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲထားသည်။ အကယ်၍ ယခုအမှုတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မက်ဆီမှာ ထောင်ဒဏ် ၆ နှစ်အထိ ကျခံရဖွယ်ရှိပြီး ကြီးမားသည့် ဒဏ်ငွေတစ်ရပ် လည်း ပေးဆောင် ရမည်ဖြစ်ကြောင်း စပိန်သတင်းဌာန EFE က ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မီဒီယာများထံမှသာ သိရှိခဲ့ရခြင်းဖြစ်ပြီး အံ့အားသင့်မိကြောင်း မက်ဆီ က ပြောကြားသည်။ ၎င်းတို့အနေဖြင့် မည်သည့်အခါကမျှ ဥပဒေချိုးဖောက်မှု မပြုခဲ့ကြောင်း၊ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အပြည့်အဝ ပေးဆောင်ခဲ့ကြောင်းနှင့် အခွန်ငွေ ဆိုင်ရာ ၎င်းတို့၏ အကြံပေးဖြစ်သူက ယခုပြဿနာကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း မက်ဆီက ဆက်လက်ပြောကြားသည်။

(မက်ဆီနှင့် ၎င်း၏ဖခင် ဟိုရာစီယို)
Planet.com.mm

No comments:

Post a Comment