Wednesday, June 19, 2013

ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း တစ်နေ့ ပျမ်းမျှ ၁၁ ဦး တိမ်းပါးနေ

Photo: ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း တစ်နေ့ ပျမ်းမျှ ၁၁ ဦး တိမ်းပါးနေ

၂ဝ၁၃ ခုနှစ် ငါးလတာ ကာလအ တွင်း ယာဉ်မတော်တဆမှုကြောင့် တစ် နေ့လျှင် ၁၁ ဦးခန့် ပျမ်းမျှသေဆုံး နေရ ပြီး ပြီးခဲ့သည့် မေလတစ် လတည်းကပင် ထိခိုက်ဒဏ်ရာရသူ နေ့စဉ် ၆၆ ဦးရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။

လမ်းဖြတ်ကူးသူ၏ ပေါ့ဆမှုနှင့် လမ်းအသုံးပြုသူ၏ အားနည်းမှု တို့ ကြောင့် နေ့စဉ် ယာဉ်တိမ်းမှောက်နှင့် ယာဉ်တိုက်မှုတို့အမြဲ မပြတ်ဖြစ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ထွေး က ပြောသည်။

''အသိပညာပေးတာလည်း လုပ် နေတာပဲ။ ဒါက ပြည်သူတစ်ဦး ချင်းစီရဲ့ ခံယူချက်နဲ့ သက်ဆိုင်သွားမယ်။ စည်း ကမ်းနဲ့ညီညွတ်ရင် လမ်းဖြတ်ကူးသူရော၊ ယာဉ်မောင်း၊ ယာဉ်စီးသူရော ဘာအန္တ ရာယ်မှ မရှိနိုင်ဘူး။ အခုဟာက ယာဉ် စည်းကမ်း၊ လမ်စည်းကမ်း
တွေကို အ များစုက မလိုက်နာကြဘူးဖြစ်နေတယ်'' ဟု ရဲမှူးကြီးက ပြောသည်။

ပြီးခဲ့သည့် မေလတစ်လ အတွင်း မှာပင် ယာဉ်မတော်တဆမှုကြောင့် ၂၈၇ ဦးသေဆုံးပြီး၊ ၁၈၃၆ ဦး ဒဏ်ရာ ရရှိကာ သိန်းပေါင်း ၁၂ဝဝ ကျော် ဆုံး ရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်၌မန္တလေးတိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၄ ဦး နှင့် ရှမ်းပြည်နယ်တွင် ၃ဝ ဦးရှိခဲ့ပြီး နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင်လည်း သေဆုံးခဲ့သည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလအ ထိ လေးလတာအတွင်း၌ တစ်နိုင်ငံလုံး တွင် ယာဉ်တိုက်မှုကြောင့် ၁၃၇၅ ဦး သေဆုံးခဲ့ပြီးဖြစ်ရာ ရာဇဝတ်အမှုကြီး ဖြစ်စဉ်ထက်သေဆုံးခဲ့ရမှု ပိုများခဲ့သည်။

ယာဉ်ထိန်းရဲမှူးကြီးက ''ယာဉ် ထိန်း တစ်ဖွဲ့တည်းမရဘူး။ အားလုံးပါ ဝင်မှရမှာ။ တစ်ဦးကို ပညာပေးပြီးရင် အဲ့ဒီတစ်ဦးက ဆက်ပြီး သူ့မိသားစု၊ သူ့ အသိုင်းအဝိုင်းဆီ ဆက်သွားမှရမှာ။ အ ခု ဒီမေလကတော့အရင် လကထက် စာ ရင် နည်းသွားတယ်''ဟု ပြောသည်။

ယာဉ်ထိန်းရဲက မေလတစ်လ တည်းမှာပင် ယာဉ်တိုက်မှု ၁၁ဝ၇ မှု ကို တရားရုံးသို့ တင်ပြခဲ့သည်။ ထို့အပြင် ထိရောက်သော ငွေဒဏ်တို့ ဖြင့် အရေး ယူမှုရှိခဲ့သည်။ ရန်ကုန်တစ်ခုတည်း တွင်ပင် လစဉ်ပျမ်းမျှ ကျပ်သိန်း ၉ဝဝ နှင့် ၁ဝဝဝ ကျော်နီးပါးရှိခဲ့သည် ဟု လည်း သိရသည်။

ယာဉ်ထိန်းရဲအနေနှင့် အသိပညာ ပေးမှုကို ယခင်ကထက် ပိုတိုးသွားမည့် အပြင် လက်ကမ်းစာစောင်များ ဝေငှ ခြင်း၊ ကျောင်းများကို လိုက်လံပညာ ပေးခြင်းများကို ဆောင်ရွက်မည်ဟု ယာဉ်ထိန်းရဲမှူးကြီးက ဆိုသည်။

မင်းသုအောင်

Popular Myanmar News
၂ဝ၁၃ ခုနှစ် ငါးလတာ ကာလအ တွင်း ယာဉ်မတော်တဆမှုကြောင့် တစ် နေ့လျှင် ၁၁ ဦးခန့် ပျမ်းမျှသေ ဆုံး နေရပြီး ပြီးခဲ့သည့် မေလတစ် လတည်းကပင် ထိခိုက်ဒဏ်ရာရသူ နေ့စဉ် ၆၆ ဦးရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။

လမ်းဖြတ်ကူးသူ၏ ပေါ့ဆမှုနှင့် လမ်းအသုံးပြုသူ၏ အားနည်းမှု တို့ ကြောင့် နေ့စဉ် ယာဉ်တိမ်းမှောက်နှင့် ယာဉ်တိုက်မှုတို့အမြဲ မပြတ်ဖြစ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ထွေး က ပြောသည်။

''အသိပညာပေးတာလည်း လုပ် နေတာပဲ။ ဒါက ပြည်သူတစ်ဦး ချင်းစီရဲ့ ခံယူချက်နဲ့ သက်ဆိုင်သွားမယ်။ စည်း ကမ်းနဲ့ညီညွတ်ရင် လမ်းဖြတ်ကူးသူရော၊ ယာဉ်မောင်း၊ ယာဉ်စီးသူရော ဘာအန္တ ရာယ်မှ မရှိနိုင်ဘူး။ အခုဟာက ယာဉ် စည်းကမ်း၊ လမ်စည်းကမ်း
တွေကို အ များစုက မလိုက်နာကြဘူးဖြစ်နေတယ်'' ဟု ရဲမှူးကြီးက ပြောသည်။

ပြီးခဲ့သည့် မေလတစ်လအတွင်းမှာပင် ယာဉ်မတော်တဆမှုကြောင့် ၂၈၇ ဦးသေဆုံးပြီး၊ ၁၈၃၆ ဦး ဒဏ်ရာ ရရှိကာ သိန်းပေါင်း ၁၂ဝဝ ကျော် ဆုံး ရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်၌မန္တလေးတိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၄ ဦး နှင့် ရှမ်းပြည်နယ်တွင် ၃ဝ ဦးရှိခဲ့ပြီး နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင်လည်း သေဆုံးခဲ့သည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလအ ထိ လေးလတာအတွင်း၌ တစ်နိုင်ငံလုံး တွင် ယာဉ်တိုက်မှုကြောင့် ၁၃၇၅ ဦး သေဆုံးခဲ့ပြီးဖြစ်ရာ ရာဇဝတ်အမှုကြီး ဖြစ်စဉ်ထက်သေဆုံးခဲ့ရမှု ပိုများခဲ့သည်။

ယာဉ်ထိန်းရဲမှူးကြီးက ''ယာဉ် ထိန်း တစ်ဖွဲ့တည်းမရဘူး။ အားလုံးပါ ဝင်မှရမှာ။ တစ်ဦးကို ပညာပေးပြီးရင် အဲ့ဒီတစ်ဦးက ဆက်ပြီး သူ့မိသားစု၊ သူ့ အသိုင်းအဝိုင်းဆီ ဆက်သွားမှရမှာ။ အ ခု ဒီမေလကတော့အရင် လကထက် စာ ရင် နည်းသွားတယ်''ဟု ပြောသည်။

ယာဉ်ထိန်းရဲက မေလတစ်လ တည်းမှာပင် ယာဉ်တိုက်မှု ၁၁ဝ၇ မှု ကို တရားရုံးသို့ တင်ပြခဲ့သည်။ ထို့အပြင် ထိရောက်သော ငွေဒဏ်တို့ ဖြင့် အရေး ယူမှုရှိခဲ့သည်။ ရန်ကုန်တစ်ခုတည်း တွင်ပင် လစဉ်ပျမ်းမျှ ကျပ်သိန်း ၉ဝဝ နှင့် ၁ဝဝဝ ကျော်နီးပါးရှိခဲ့သည် ဟု လည်း သိရသည်။

ယာဉ်ထိန်းရဲအနေနှင့် အသိပညာ ပေးမှုကို ယခင်ကထက် ပိုတိုးသွားမည့် အပြင် လက်ကမ်းစာစောင် များ ဝေငှ ခြင်း၊ ကျောင်းများကို လိုက်လံပညာ ပေးခြင်းများကို ဆောင်ရွက်မည်ဟု ယာဉ်ထိန်းရဲမှူးကြီးက ဆိုသည်။

မင်းသုအောင်

Popular Myanmar News

No comments:

Post a Comment