Wednesday, June 19, 2013

ပြပွဲအား လေးရက်မြောက်အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ကျောက်မျက်အတွဲ ၂၇၂ ကို တင်ဒါစနစ်ဖြင့် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး လေလံစနစ်ဖြင့် ယူရို ၁၀ သန်းတန် ကျောက်အထိ ပါဝင်

emerald1-june19
ကျောက်မျက်ပြပွဲတွင် ရောင်းချရန် ပြသထားသည့် ယူရို ၁၀ သန်းတန် ပတ္တမြား (ဓာတ်ပုံ-ပိုင်စိုးသူ)
ပြပွဲအား လေးရက်မြောက် နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပြီး ကျောက်မျက်အတွဲ ၂၇၂ တွဲကို တင်ဒါ
စနစ်ဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ပြီး လေလံစနစ်ဖြင့် ယူရို ၁၀ သန်းတန် ကျောက်အထိ ပါဝင်ကြောင်း သိရသည်။
နေပြည်တော်တွင် ကျင်းပလျက်ရှိသော အကြိမ် (၅၀)မြောက် ကျောက်မျက်ပြ ပွဲအား လေး ရက်မြောက်နေ့အဖြစ် ကျောက်မျက်အတွဲ ၂၇၂ ကို တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ၁၉ ရက်တွင် ကျောက် မျက် အတွဲ ၁၀၇ တွဲကို လေလံစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါစနစ်တွင် ကြမ်း ခင်းဈေး ယူရို ၅၀၀ မှ ၂၀၀၀၀ အထိ ပါဝင်ပြီး လေလံစနစ်ဖြင့် ယူရို ၂၀၀၀၁ မှ ၁၀ သန်းထိ အမြင့် ဆုံး ပါဝင်ကြောင်း သိရသည်။

ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများကို ၀ယ်ယူမည့် ပြည်ပ ရတနာကုန်သည်များသည် အာမခံ စပေါ်ငွေယူရို ၅၀၀၀၀၊ ကျောက်စိမ်းအတွဲများကို ၀ယ်ယူမည့် ပြည်တွင်း ရတနာကုန်သည်များသည် အာမခံ စပေါ်ငွေ ၂၀၀၀၀၊ ကျောက်မျက် အတွဲများကို ၀ယ်ယူမည့် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည် များသည် အာမခံ စပေါ်ငွေယူရို ၁၀၀၀၀ အား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) သို့ ပေးသွင်းပြီး မှသာ ပြပွဲသို့ တက်ရောက်ဝယ်ယူခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။
From...EMG

No comments:

Post a Comment