Wednesday, June 19, 2013

အီးယူကုန်သွယ်မှု အထူးအခွင့်အရေးအရ ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှစပြီး တင်ပို့ခဲ့သည့် ပို့ကုန်များအတွက် အခွန်များ ပြန်လည်ထုတ်ယူခွင့် ရရှိမည်

မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့ခဲ့သော ပို့ကုန်များအတွက် ကုန်သွယ်မှု အခွင့်အရေးအရ အခွင့်အရေးများ ပြန်လည်ခံစားခွင့် (သွင်းကုန်အတွက် ပေးသွင်းခဲ့သော အခွန်များ ပြန်လည်ထုတ်ယူခွင့်) ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အီးယူနိုင်ငံများသို့ ၂၀၁၂ ခုနှစ် ဇွန် ၁၇ ရက်မှစ၍ တင်ပို့ခဲ့သော အထည်အလိပ်နှင့် ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းများအား အီးယူ၏ (GSP) ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအရ သွင်းကုန် အတွက် ပေးသွင်းခဲ့သော အခွန်များ ပြန်လည်ထုတ်ယူခွင့်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
"လတ်တလော အခြေအနေမှာ အထည်အလိပ်နဲ့ ရေလုပ်ငန်းထွက်ကုန် ပစ္စည်းများ တင်ပို့လျက် ရှိပါတယ်။ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ တင်ပို့ခဲ့တဲ့ ပို့ကုန်များအတွက် ကုန်သွယ်မှုဆိုင်ရာ ရသင့်ရထိုက်တဲ့ အထူးအခွင့်အရေးကို အထောက်အထား အပြည့်အစုံနဲ့ ပြန်လည်လျှောက်ထားပါက အခွန်များ ပြန်လည်ထုတ်ယူခွင့် ရှိတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အီးယူနိုင်ငံများသို့ ယခင်က မြန်မာ့ရေထွက်ကုန်များကို တင်ပို့ရာတွင် သွင်းကုန်အခွန်မှာ ၁၃ ရာခိုင်နှုန်းကျော် ပေးသွင်းရကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အီးယူနိုင်ငံများသို့ ၂၀၁၂ ခုနှစ် ဇွန် ၁၇ ရက်မှစ၍ တင်ပို့ခဲ့သော အထည်အလိပ်နှင့် ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းများအား အီးယူ၏ (GSP) ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအရ သွင်းကုန်အတွက် ပေးသွင်းခဲ့သော အခွန်များ ပြန်လည်ထုတ်ယူခွင့်ရှိကြောင်း . . . . .
ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများ (၄၉ နိုင်ငံ) စာရင်းတွင် ပါနေသောကြောင့် အီးယူမှ ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေး စနစ် ပေးအပ်ခဲ့ပြီး ပို့ကုန်တင်ပို့မှုအပေါ် သွင်းကုန်အခွန် ကောက်ခံခြင်းအား သုညရာ ခိုင်နှုန်းသို့ လျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်နေသည့် မြန်မာနိုင်ငံအား အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန်၊ စက်မှုဖွံ့ဖြိုး တိုးတက်လာရန်နှင့် ပို့ကုန်အခြေပြု နိုင်ငံခြားဝင်ငွေ တိုးတက်လာရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ စက်လက်နက် ပစ္စည်းများ မပါသော မည်သည့်မူရင်း ထုတ်ကုန်မဆို တင်ပို့နိုင်ပြီး သွင်းကုန်အခွန် ကောက်ခံခြင်းကိုလည်း သုညရာခိုင်နှုန်းသို့ လျှော့ ချကောက် ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ရေထွက်ကုန်များကို အီးယူနိုင်ငံများဖြစ်သော ယူကေ၊ နယ်သာလန်၊ အီတလီနှင့် အခြားသော နိုင်ငံများကို တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အီးယူ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးသည့် စနစ်နှင့် မူရင်းထုတ်ကုန်ဖြစ်မှု သတ်မှတ်သည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတို့မှ တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
From...EMG

No comments:

Post a Comment