Sunday, June 9, 2013

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Photo: တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ
Sunday, June 9, 2013

Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှုအကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန် ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေကို ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်ပင်းတို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေကိုပြော ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက် လို့တော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယား လက်နက် အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြ တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန် အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံေ တာ် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲအတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံ အိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်း အားထုတ် သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

VOA
Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေး ပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေကို ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတ ရှီကျင်ပင်း တို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေ ကိုပြောပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်လို့တော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရ ကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန်အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲ အတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်း အားထုတ်သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

VOA

No comments:

Post a Comment