Thursday, June 20, 2013

ကမ္ဘာ့မြို့တော်များ (ဆစ်ဒနီ) သြစတြေးလျ

ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် တည်ရှိပြီး နိုင်ငံ၏ လူဦးရေ အများ
ဆုံး မြို့တော်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် စာရင်းအရ ခန့်မှန်းခြေ လူဦးရေ ၄ ဒသမ ၆ သန်း ရှိ သည်ဟု သိရ သည်။ ဆစ်ဒနီတွင် အခြေစိုက် နေထိုင်သူများကို Sydneysiders ဟုခေါ်သည်။ ဆစ်ဒနီမြို့ကို အာသာ ဖိလစ် ဆိုသူ ရေတပ်ဗိုလ်ချုပ် တစ်ဦးက ၁၇၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်ဟု ဆိုသည်။ ဆစ်ဒနီ မြို့တွင် Sydney Harbour ၊ ဆစ်ဒနီကဇာတ်ရုံ (ydney Opera House) ဆိပ်ခံတံတား Harbour Bridge တို့သည် နာမည်ကြီးသည်။
တည်နေရာ
ဆစ်ဒနီမြို့သည် အဆင့်အတန်း မြင့်သော ကမ္ဘာ့ မြို့ကြီးများ စာရင်းဝင်ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ် နွေရာသီ အိုလံပစ် ကဲ့သို့သော နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးများကို ကျင်းပခဲ့ဖူးသည်။ ဆစ်ဒ နီမြို့ပြ နယ်မြေသည် ပင်လယ်ကမ်းခြေ ဒေသတစ်ခု ဖြစ်ပြီး အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ၊ အနောက်ဘက်တွင် အပြာရောင် တောင်တန်းများ (Blue mountains) ၊ မြောက်ဘက်တွင် ဟော့ ဘူရီ တံတားနှင့် တောင်ဘက် တွင် တော်ဝင် အမျိုးသား ဥယျာဉ်တို့ တည်ရှိသည်။
ရာသီဥတု
ဆစ်ဒနီ၏ ရာသီဥတုမှာ သင့်တင့်မျှတသည့် ပူနွေးသော နွေရာသီနှင့် အအေးပျော့သော ဆောင်းရာသီ တို့ ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု ရှိသည်။ သမုဒ္ဒရာနှင့် နီးသော အပိုင်းများမှာ ရာသီ ဥတု မျှတပြီး အနောက်ပိုင်း ကုန်းတွင်း ဒေသများမှာ ရာသီဥတု ပြင်းထန်သည်။ အပူနွေးဆုံး လမှာ ဇန်နဝါရီလ ဖြစ်ပြီး ပျမ်းမျှ အပူချိန် ၁၉ မှ ၂၆ ဒီဂရီ ဆဲလ်စီးယပ် အထိရှိသည်။ ဆောင်းရာသီတွင် ကမ်းရိုးတန်း ဒေသများ၌ အပူချိန် ၅ ဒီဂရီ ပတ်ဝန်းကျင် ရှိသည်။
စီးပွားရေး
ဆစ်ဒနီမြို့တွင် ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဆောက်အအုံ များစွာရှိသည်။ ၎င်းတို့ထဲတွင် ပါလီမန် အဆောက်အအုံ ၁၈၁၆ လုံး၊ ဆစ်ဒနီ မြို့တော်ခန်းမ ၁၈၈၉ လုံးနှင့် သြစတြေးလျ ပြ တိုက်တို့ ပါဝင်သည်။ ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေး အချက်အချာ မြို့ကြီး ဖြစ်သောကြောင့် ချမ်းသာကြွယ်ဝသော မြို့ကြီး တစ်မြို့ဖြစ်သည်။ ဆစ်နဒီရှိ ပြည်သူ အများစုမှာ အလုပ်အကိုင် ရှိကြသည်။ ၎င်းတို့သည် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းများ၊ လက်လီ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ကြသည။် ၾသစေ ၾတးလ် လြုံခုံရေး ငွေလဲလှယ် ဌာနနှင့်  သြစတြေးလျ အရန်ဘဏ်တို့မှာ ဆစ်ဒနီ မြို့တွင် တည်ရှိပြီး သြစတြေးလျ၏ ထိပ်တန်း ကုမ္ပဏီကြီး ၉ဝ တို့၏ ဌာနချုပ်များလည်း တည်ရှိသည်။ ထို့အပြ င် နိုင်ငံ တကာ ကော်ပိုရေးရှင်း ၅ဝဝ ၏ ဒေသဆိုင်ရာ ဌာနချုပ်များလည်း တည်ရှိသည်။
ယဉ်ကျေးမှု
ဆစ်ဒနီမြို့သည် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် ပြတိုက်များနှင့် အနုပညာ ပြခန်းများစွာ ရှိပြီး ၎င်း တို့ထဲတွင် နယူးဆောက်ဝေး အနုပညာ ပြခန်း၊ ခေတ်ပြိုင် အနုပညာ ပြခန်းနှင့် ဆစ်နဒီ ပြတိုက်တို့ ပါဝင်သည်။ ဆစ်နဒီ အော်ပရာဟောက်စ်သည် ထင်ရှားသော အဆောက်အအုံ တစ်ခုဖြစ်သည်။ ခန်းမ ငါးခု ပါဝင်ပြီး ၎င်းတို့ထဲတွင် ကြီးမားသော ဖျော်ဖြေရေး ခန်းမကြီး တစ် ခုနှင့် အခြား ပြဇာတ်ရုံများ ပါဝင်သည်။
ခရီးသွားကဏ္ဍ
၂ဝ၁၂ ခုနှစ် နှစ်ကုန် စာရင်းများအရ ဆစ်ဒနီမြို့သို့ နိုင်ငံတကာနှင့် ဒေသတွင်းမှ ခရီးသွား စုစုပေါင်း ၁ဝ ဒသမ ၅ သန်း လာရောက် လည်ပတ်ခဲ့သည်။ ၎င်းတို့ထံမှ ဝင်ငွေ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ ရရှိခဲ့ သည်။ ခရီးသွားများသည် ဆစ်ဒနီ ကဇာတ်ရုံနှင့် ဆစ်ဒနီ ဆိပ်ကမ်း တံတားတို့သို့ အများဆုံး သွားရောက် လည်ပတ်ြကသည။် အခြားလည်ပတ် စရာ နေရာများဖြစ်သော တော်ဝင် ရုက္ခဗေဒ ဥယျာဉ်၊ လူနာပန်းခြံ (Lana Park) ပင်လယ်ကမ်းခြေနှင့် ဆစ်နဒီ မျှော်စင်တို့သို့ သွားရောက် လည်ပတ်ကြသည်။
မီဒီယာ
ဆစ်ဒနီမြို့တွင် အဓိက သတင်းစာကြီး နှစ်စောင်ရှိရာ ၎င်းတို့မှာ (The Sydney Morning Herald) သည် သက်တမ်း အရင့်ဆုံး သတင်းစာကြီး ဖြစ်သည်။ ၁၈၃၂ ခုနှစ် ကတည်းက ထုတ်ဝေ ခဲ့ခြင်း ဖြစ်သည်။ အခြားသတင်းစာ တစ်စောင်မှာ (The Daily Telegraph) ဖြစ်သည်။ အခပေး ရုပ်မြင်သံကြား ကွန်ရက် သုံးခုရှိပြီး အစိုးရ အမျိုးသား ရုပ်သံထုတ်လွှင့်ရေး ဌာနများဖြစ်သော (ABC) နှင့်(SBS) တို့မှာလည်း ဆစ်ဒနီ မြို့တွင် တည်ရှိသည်။
ပညာရေး
ဆစ်ဒနီမြို့တွင် သြစတြေးလျ၏ အထင်ကရ ပညာရေး အဖွဲ့အစည်း တချို့ တည်ရှိပြီး ဆစ်နဒီ တက္ကသိုလ်မှာ  သြစတြေးလျ၏ သက်တမ်း အရင့်ဆုံး တက္ကသိုလ်ဖြစ်၍ ၁၈၅ဝ ပြည့်နှစ်တွင် တည်ေ ထာင်ခဲ့သည်။ အခြား ပြည်သူပိုင် တက္ကသိုလ်များတွင် ဆစ်ဒနီ နည်းပညာ တက္ကသိုလ်၊ နယူးဆောက်ဝေး တက္ကသိုလ်၊ ဆစ်ဒနီ အနောက်ပိုင်း တက္ကသိုလ်တို့ ပါဝင်သည်။
ကျန်းမာရေးစနစ်
ဆစ်ဒနီမြို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် နှစ်ခုရော စပ်၍ ဆောင်ရွက်ကြပြီး အစိုးရက အခွန်အကောက်များနှင့် ပုဂ္ဂလိက ကျန်းမာရေး အာမခံ များ မှ ထောက်ပံ့သည်။ နယူးဆောက်ဝေး ပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာနသည် ဆစ်ဒနီမြို့ပြ ဒေသတွင် ကြီးမားသော ပြည်သူ ပိုင် ဆေးရုံကြီးများကို ဖွင့်လှစ် ဆောင်ရွက်ထားသည်။
ကမ္ဘာ့ အဆင့်မြို့တော်
ဆစ်ဒနီမြို့တော်ကို Globalization and world cities (GaWC) လေ့လာရေး အဖွဲ့က ဒေသတွင်းနှင့် ကမ္ဘာ တစ်ဝန်းတွင် ထိပ်တန်း အဆင့်ရှိသည့် မြို့တော်တစ်ခု အဖြစ် သတ်မှတ်ထားသည်။ ၂ဝ၁ဝ ပြည့်နှစ်က စီးပွားရေး ဆန်းသစ် တီထွင်မှုရှိသော မြို့တော်များ စာရင်းတွင် အဆင့် (၇) နှင့် တစ်ကမ္ဘာလုံးတွင် အဆင့် (၂၈) သတ်မှတ် ခံရသည်။ ၂ဝ၁၃ တွင် ဆစ်ဒနီအား ကမ္ဘာပေါ်တွင် သတ္တမမြောက် စီးပွားရေး အရ အရေးပါသည့် မြို့တော်အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ဆစ်ဒနီကို ကမ္ဘာပေါ်တွင် နေထိုင်ချင်ဖွယ် အကောင်းဆုံး မြို့ကြီး(၁ဝ) မြို့စာရင်းတွင် ထည့်သွင်း ထားပြီး ဖက်ရှင်နှင့် ဖက်ရှင်လုပ်ငန်း ဆိုင်ရာ အရေး ပါသော မြို့တော်တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ သို့သော် The Economic Inteligence hnit အဖွဲ့က ဆစ်ဒနီကို တိုကျိုနှင့် အိုဆာ ကာ ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် ကုန်ကျစရိတ် ဈေးအကြီး ဆုံး မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ။
 
From...မြ၀တီ

No comments:

Post a Comment