Saturday, June 22, 2013

ဘရာဇီး ဆန္ဒပြပွဲ လူတစ်သန်းကျော် ပူးပေါင်း

Photo: ဘရာဇီး ဆန္ဒပြပွဲ လူတစ်သန်းကျော် ပူးပေါင်း
Saturday, June 22, 2013

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အသုံးစရိတ် အလွန် မြင့်မားမှုတို့ကို ကန့်ကွက် ဆန္ဒပြပွဲများ ဘရာဇီးနိုင်ငံ၏ မြို့တော်ကြီးများတွင် ဖြစ်ပွားလျက်ရှိရာ ပူးပေါင်း ပါဝင်လာသူများဖြင့် အင်အား ပိုမိုကောင်းလာလျက် ရှိကာ ဆန္ဒပြသူ တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

နှစ်ပေါင်း ၂၀ အတွင်း ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆက်ဖ် အစိုးရသည် အကြီးမားဆုံး လူထုဖိအားနှင့် ရင်ဆိုင်ရလျက် ရှိကာ ယခင်စီစဉ်ထားသော လာမည့်သီတင်းပတ် ဂျပန်သို့သွားမည့် နိုင်ငံတော် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဘရာဇီးနိုင်ငံသည် လူဦးရေ ၁၉၄ သန်းရှိပြီး ပြီးခဲ့သည့် ရက်များက သယ်ယူ ပို့ဆောင်စရိတ်ကို မြှင့်လိုက်ရာမှ စတင်သော သပိတ်မှောက် ဆန္ဒပြပွဲများတွင် ပါဝင်သော လူဦးရေ ၁ ဒသမ ၂ သန်းအထိ ရှိလာသည်။

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေရိုး မြို့တော်ခန်းမရှေ့ လူအုပ်သည်ပင်လျှင် အင်အား သုံးသိန်းခန့် ရှိပြီး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့သည်။
ဆန္ဒပြ လူအုပ်ထဲမှ အချို့က SBT ရုပ်သံလွှင့်ဌာန၏ ကားကို မီးတင်ရှိုခဲ့သည် ဟုလည်း Aljazeera က ရေးသား ဖော်ပြထားသည်။

ဘရာဇီလီယာ မြို့တော်တွင်လည်း နိုင်ငံခြားရေး ဝန်ကြီးရုံးကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေပြီး မီးလောင်နေသော အရာဝတ္ထုများဖြင့် ပစ်ပေါက်နေသည့် ဆန္ဒပြ လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပိတ်ဆို့ ထားခဲ့ကြရကြောင်း ယင်းသတင်းက ဆိုသည်။

မြို့တော် ဆာအိုပိုလိုတွင်လည်း လူအင်အား တစ်သိန်းတစ်သောင်းက လက်ဝဲယိမ်း အစိုးရကို လူမှုဖူလုံရေး ကဏ္ဍများ၌ ပြည်သူ့ဘဏ္ဍာများ ပိုမိုသုံးစွဲပေးပါရန် ဖိအားပေးလျက် ရှိသည်။

ဘရာဇီးသည် ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ရပ်တန့်သွားစေရန် ပြည်သူက ဖိအားပေး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ကွန်ဖယ်ဒရေးရှင်း ဖလားနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲခြင်းက အစိုးရအပေါ် မကျေနပ်ချက်များကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်ပြီး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

၎င်းတို့ တောင်းဆိုထားသည့် အချက်များမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် ဘတ်ဂျက် ပိုမိုသုံးစွဲပေးရန်နှင့် ပြည်သူ့ ဝန်ဆောင်မှု အရာရှိများ၏ လုပ်ခလစာများကို လျှော့ချရန် ဖြစ်သည်။

The Voice Weekly


ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အသုံး
စရိတ် အလွန် မြင့်မားမှုတို့ကို ကန့်ကွက်ဆန္ဒပြပွဲများ ဘရာဇီးနိုင်ငံ၏ မြို့တော်ကြီးများတွင် ဖြစ်ပွား လျက်ရှိရာ ပူးပေါင်း ပါဝင်လာသူများဖြင့် အင်အားပိုမိုကောင်းလာလျက်ရှိကာ ဆန္ဒပြသူ တစ်သန်းကျော် သွားပြီ ဖြစ်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

နှစ်ပေါင်း ၂၀ အတွင်း ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆက်ဖ် အစိုးရသည် အကြီးမားဆုံး လူထုဖိအားနှင့် ရင်ဆိုင်ရလျက် ရှိကာ ယခင်စီစဉ်ထားသော လာမည့်သီတင်းပတ် ဂျပန်သို့သွားမည့် နိုင်ငံတော် ခရီးစဉ် ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဘရာဇီးနိုင်ငံသည် လူဦးရေ ၁၉၄ သန်းရှိပြီး ပြီးခဲ့သည့် ရက်များက သယ်ယူ ပို့ဆောင်စရိတ်ကို မြှင့်လိုက်ရာမှ စတင်သော သပိတ်မှောက် ဆန္ဒပြပွဲများတွင် ပါဝင်သော လူဦးရေ ၁ ဒသမ ၂ သန်းအထိ ရှိလာသည်။

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေရိုး မြို့တော်ခန်းမရှေ့ လူအုပ်သည်ပင်လျှင် အင်အား သုံးသိန်းခန့် ရှိပြီး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့သည်။
ဆန္ဒပြ လူအုပ်ထဲမှ အချို့က SBT ရုပ်သံလွှင့်ဌာန၏ ကားကို မီးတင်ရှိုခဲ့သည် ဟုလည်း Aljazeera က ရေးသား ဖော်ပြထားသည်။

ဘရာဇီလီယာ မြို့တော်တွင်လည်း နိုင်ငံခြားရေး ဝန်ကြီးရုံးကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေပြီး မီးလောင်နေသော အရာဝတ္ထုများဖြင့် ပစ်ပေါက်နေသည့် ဆန္ဒပြ လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပိတ်ဆို့ ထားခဲ့ကြရကြောင်း ယင်းသတင်းက ဆိုသည်။

မြို့တော် ဆာအိုပိုလိုတွင်လည်း လူအင်အား တစ်သိန်းတစ်သောင်းက လက်ဝဲယိမ်း အစိုးရကို လူမှုဖူလုံရေး ကဏ္ဍများ၌ ပြည်သူ့ဘဏ္ဍာများ ပိုမိုသုံးစွဲပေးပါရန် ဖိအားပေးလျက် ရှိသည်။

ဘရာဇီးသည် ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ရပ်တန့်သွားစေရန် ပြည်သူက ဖိအားပေး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ကွန်ဖယ်ဒရေးရှင်း ဖလားနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲခြင်းက အစိုးရအပေါ် မကျေနပ်ချက်များကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်ပြီး ဆန္ဒပြပွဲများ ပိုမိုပြင်းထန် လာခဲ့သည်။

၎င်းတို့ တောင်းဆိုထားသည့် အချက်များမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် ဘတ်ဂျက် ပိုမို သုံးစွဲပေးရန်နှင့် ပြည်သူ့ ဝန်ဆောင်မှု အရာရှိများ၏ လုပ်ခလစာများကို လျှော့ချရန် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment