Wednesday, June 5, 2013

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင် မြေနေရာချထားပေးနေ..

Photo: စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင်
မြေနေရာချထားပေးနေ..
Wednesday, June 5, 2013

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင်
အမျိုးသားအစည်းအရုံးကဘုရားသုံးဆူမြို့နယ်ခွဲရှိဇီးပင်ရွာတွင်နေထိုင်ရန်
အတွက်မြေနေရာများအပြင်လုပ်ကိုင်စားသောက်နိုင်ရန် မြေဧကများကို
(၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာများ
ပေးဖြစ်ပုံနှင့် ပတ်သက်၍ (KNU)ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။မြေနေရာများပေးသည့်အခါတွင်လည်းအိမ်ထောင်စု၏
လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စုတစ်ခုကိုပေ(၆၀)xပေ(၉၀)
အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက်
လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည်။မြေလျှောက်ထား
လိုသူများအနေနှင့် KNU ကဖွဲ့စည်းပေးထားသောလူထုနေရာပြန်လည်
ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ
ကော်မတီအဖွဲ့ကလျှောက်ထားလာသူများကိုစိစစ်မှုများပြုလုပ်၍ မြေနေရာ
ပေးကြောင်းသိရသည်။ယခုလိုမြေနေရာပေးသည့်အခါတွင် တွေ့ကြုံရသော
အခက်အခဲနှင့်ပတ်သက်၍ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။ထို့ပြင်ဦးစောရွှေမောင်းကလက်ရှိတွင် ကော်မတီ၏
တင်ပြချက်အရလာရောက်လျှောက်ထားသူအိမ်ထောင်စု(၁၀၀)ကျော်
ရှိကြောင်း၊ပြောင်းရွှေ့လာသူများကလည်းအပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊
ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူ တွင် နေထိုင်ကြပြီး       မြေ ယာ မရှိသောသူများဖြစ်ကြောင်း၊ KNU ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအပြင်လူထုများအတွက်
ကျန်းမာရေး၊ ပညာရေးများကိုပါကူညီထောက်ပံ့ပေးရန်လိုအပ်သည့်အတွက်
နီးစပ်ရာကူညီစောင့်ရှောက်သောအသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့မှ
တစ်ဆင့်အကူအညီရရှိရန် ကြိုးစားနေကြောင်း၊လက်ရှိတွင်လည်းပြည်နယ်
အစိုးရအဖွဲ့ကစစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်
ဆန်ရရှိရန် အကူအညီပေးမှုများရှိကြောင်းထပ်မံပြောကြားခဲ့သည်။လက်ရှိ
ဇီးပင်ရွာတွင် မြေနေရာရရှိရန်အတွက်လာရောက်လျှောက်ထားသူများသည်
အပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့်
ဘုရားသုံးဆူတွင်နေထိုင်ကြပြီးမြေယာအပိုင်မရှိသူများဖြစ်ကြောင်းသတင်းရှိ
သည်။

SkyNet TV Browser
စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင် အမျိုးသားအစည်းအရုံးက ဘုရား သုံးဆူမြို့နယ်ခွဲရှိ ဇီးပင်ရွာတွင်နေထိုင်ရန်အတွက်မြေနေရာများ အပြင် လုပ်ကိုင်စားသောက်နိုင် ရန် မြေဧကများကို (၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာ များ ပေးဖြစ် ပုံနှင့် ပတ်သက်၍ (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း ကပြောကြားခဲ့ သည်။မြေနေရာ များပေးသည့် အခါတွင်လည်းအိမ်ထောင်စု၏ လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စု တစ်ခုကို ပေ(၆၀)xပေ(၉၀) အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက် လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည် မြေလျှောက်ထားလိုသူများ အနေနှင့် KNU ကဖွဲ့စည်းပေး ထားသောလူထုနေရာပြန်လည် ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကော်မတီအဖွဲ့ကလျှောက်ထားလာသူများကိုစိစစ်မှုများပြုလုပ်၍ မြေနေရာ ပေးကြောင်းသိရသည်။ ယခုလိုမြေနေရာပေးသည့်အခါတွင် တွေ့ကြုံရသော အခက်အခဲနှင့်ပတ်သက်၍ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဦးစောရွှေမောင်း ကပြောကြားခဲ့သည်။ ထို့ပြင်ဦးစောရွှေမောင်းကလက်ရှိတွင် ကော်မတီ၏ တင်ပြချက် အရလာရောက်လျှောက်ထားသူအိမ်ထောင်စု(၁၀၀)ကျော် ရှိကြောင်း၊ပြောင်းရွှေ့လာသူများကလည်း အပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူ တွင် နေထိုင်ကြပြီး       မြေ ယာ မရှိသော သူများဖြစ်ကြောင်း၊ KNU ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအပြင်လူထုများအတွက် ကျန်းမာရေး၊ ပညာရေးများကိုပါကူညီထောက်ပံ့ပေးရန်လိုအပ်သည့်အတွက် နီးစပ်ရာကူညီစောင့်ရှောက်သော အသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့်အကူအညီရရှိရန် ကြိုးစားနေကြောင်း၊ လက်ရှိတွင်လည်းပြည်နယ် အစိုးရအဖွဲ့ကစစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် ဆန်ရရှိရန် အကူ အညီပေးမှုများရှိကြောင်းထပ်မံပြောကြားခဲ့သည်။ လက်ရှိ ဇီးပင်ရွာတွင် မြေနေရာ ရရှိရန်အတွက်လာရောက်လျှောက်ထားသူများသည် အပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူတွင်နေထိုင်ကြပြီးမြေယာ အပိုင်မရှိသူများဖြစ်ကြောင်း သတင်းရှိ သည်။

SkyNet TV Browser

No comments:

Post a Comment