Wednesday, June 5, 2013

ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ

Photo: ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ
Wednesday, June 5, 2013

တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်း လာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့ ၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆို ခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်း လာခြင်း ဖြစ်သည်။ 

ရဲများ၏ တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်နောက် အီစတန်ဘူလ်နှင့် အခြားသော မြို့ကြီးများတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ပိုမို အားကောင်းလာသည်။

အာရင့်က မိမိသည် ယခုသီတင်းပတ်အတွင်း အတိုက်အခံ ခေါင်းဆောင် များနှင့် ဆွေးနွေး ညှိနှိုင်းမည်ဟုလည်း ပြောကြားခဲ့သည်။ မြို့လယ်ဥယျာဉ် တစ်ခုကို ဖျက်ပစ်မည့် စီမံကိန်းကို ဆန့်ကျင်ရာမှ စတင်လာသော ဆန္ဒပြမှု များသည် (၅)ရက်ကျော် ကြာမြင့်လာသည်အထိ မပြီးပြတ်သေးချေ။

www.planet.com.mm
တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်းလာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆိုခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်းလာခြင်း ဖြစ်သည်။
ရဲများ၏ တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်နောက် အီစတန် ဘူလ်နှင့် အခြားသော မြို့ကြီးများတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ပိုမို အားကောင်းလာသည်။

အာရင့်က မိမိသည် ယခုသီတင်းပတ်အတွင်း အတိုက်အခံ ခေါင်းဆောင် များနှင့် ဆွေးနွေး ညှိနှိုင်းမည်ဟု လည်း ပြောကြားခဲ့သည်။ မြို့လယ်ဥယျာဉ်တစ်ခုကို ဖျက်ပစ်မည့် စီမံကိန်းကို ဆန့်ကျင်ရာမှ စတင် လာသော ဆန္ဒပြမှုများသည် (၅)ရက်ကျော် ကြာမြင့်လာသည်အထိ မပြီးပြတ်သေးချေ။

www.planet.com.mm

No comments:

Post a Comment