Tuesday, July 23, 2013

တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

Photo: တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

ဘေဂျင်း

တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေ သည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင် ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ကို မကျေနပ်သောကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်နှင့် နိုင်ငံပိုင် သတင်းဌာန ၏ ရေးသားချက်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ဘီးတပ် ကုလားထိုင်ပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ တင်ဆောင် ကာ ဖောက်ခွဲခဲ့သူမှာ အသက် ၃၃ နှစ် အရွယ် ကျီဆောင်ကျင်း ဆိုသူဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ခရီးသွားများ အလွန် ထူထပ်လှ သည့် ဘေဂျင်း လေဆိပ်ထဲမှ လူ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။

ကျီဆောင်ကျင်းသည် မသန်စွမ်းသူ တစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် စီးနင်းလျက် ရှိသည့် အဆိုပါ ဘီးတပ် ကုလားထိုင်၌ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင် ဖောက်ခွဲခြင်းကြောင့် လက်မောင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း တရုတ် အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ကျီဆောင်ကျင်းသည် ဆင်းရဲ နွမ်းပါးသော တောင်သူ လယ်သမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလခန့်က ကြုံတွေ့ခဲ့ ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ တရုတ် အစိုးရကို သတိပေးသည့် အနေနှင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ တွင် လူသုံးများသည့် လူမှုကွန်ရက်၌ ၎င်း၏ နောက်ခံ သမိုင်းကြောင်း သိသူများက ရေးသား ဖော်ပြကြသည်။

မကြာသေးခင်က ကျီဆောင်ကျင်းဟူသော နာမည်ဖြင့် အွန်လိုင်း ရေးသားချက် တစ်ရပ် ပြုလုပ်ထားရာတွင် “၂၀၀၅ ခုနှစ် ဇွန်လက မော်တော်ဆိုင်ကယ်နဲ့ ကျွန်တော် အပြင်ထွက်ခဲ့တယ်။ တစ်နေရာ ရောက်တော့ ပါကင်ထိုးတယ်။ အဲဒီမှာ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့တွေက ပါကင်ထိုးလို့ မရဘူးဆိုပြီး နောက်က လိုက်လာတယ်။ ကျွန်တော်လည်း ဆိုက်ကယ်ကို မရပ်ပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မမှားဘူးဆိုတာ သိလို့ပဲ။ ဒါပေမဲ့ သူတို့က စတီးပိုက်တွေနဲ့ လိုက်ရိုက်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒုက္ခိတ ဖြစ်သွားတယ်” ဟု ရေးသား ဖော်ပြထားသည်။

ကျီဆောင်ကျင်းသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားရန် ကြိုးပမ်းသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ၎င်းကို အရေးတယူ မပြုကြကြောင်း ဆက်လက် ဖော်ပြထားသည်။

“ကျွန်တော်တို့က လယ်သမားတွေ၊ ဆင်းရဲတဲ့သူတွေလည်းဖြစ်တော့ ကျွန်တော့်ကို ဘယ်သူကမှ အကူအညီ မပေးချင်ကြဘူး” ဟု ကျီဆောင်ကျင်း နာမည်ဖြင့် ရေးသားထားသော ဘလော့ဂ်တွင် တွေ့ ရသည်။

နိုင်ငံပိုင် Xinhua သတင်းဌာန၏ ရေးသားချက်အရ ကျီဆောင်ကျင်း ဆိုသူသည် ၎င်းအပေါ် တရားမျှတမှု မရှိစွာ ဆက်ဆံမှုကြောင့် မသန်စွမ်းဘဝ သို့ ရောက်ခဲ့ရမှုအပေါ် နှစ်ပေါင်း အတန်ကြာ ဆန္ဒပြခဲ့သူ ဖြစ်သည်။

ဘေဂျင်းလေဆိပ်၌ ဖောက်ခွဲမှု မပြုလုပ်မီ ကျီဆောင်ကျင်း က ဘေးပတ်ဝန်းကျင်မှ လူများကို ထွက်ပြေး တိမ်းရှောင်ရန် အော်ဟစ် ခဲ့ကြောင်း၊ ထို့နောက် ဗြောက်အိုး ဖောက်သံကဲ့သို့ ကျယ်လောင်သည့် အသံ ထွက်ပေါ်လာကာ ကျီးဆောင်ကျင်းမှာ ဘီးတပ် ကုလားထိုင်ပေါ်မှ လဲကျ သွားကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

The Voice Weekly
တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေသည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင်ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ် သည့် စနစ်ကို မကျေနပ်သောကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်နှင့် နိုင်ငံပိုင် သတင်းဌာန ၏ ရေးသားချက်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ဘီးတပ် ကုလားထိုင်ပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ တင်ဆောင် ကာ ဖောက်ခွဲခဲ့သူမှာ အသက် ၃၃ နှစ် အရွယ် ကျီဆောင်ကျင်း ဆိုသူဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ခရီးသွားများ အလွန် ထူထပ်လှ သည့် ဘေဂျင်း လေဆိပ်ထဲမှ လူ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။

ကျီဆောင်ကျင်းသည် မသန်စွမ်းသူ တစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် စီးနင်းလျက် ရှိသည့် အဆိုပါ ဘီးတပ် ကုလားထိုင်၌ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင် ဖောက်ခွဲခြင်းကြောင့် လက်မောင်းတွင်ဒဏ်ရာ အနည်း ငယ်ရရှိသွားကြောင်း တရုတ် အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ကျီဆောင်ကျင်းသည် ဆင်းရဲ နွမ်းပါးသော တောင်သူ လယ်သမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလခန့်က ကြုံတွေ့ခဲ့ ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ တရုတ် အစိုးရကို သတိပေး သည့် အနေနှင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံတွင် လူသုံးများသည့် လူမှု ကွန်ရက်၌ ၎င်း၏ နောက်ခံ သမိုင်းကြောင်း သိသူများက ရေးသား ဖော်ပြကြသည်။

မကြာသေးခင်က ကျီဆောင်ကျင်းဟူသော နာမည်ဖြင့် အွန်လိုင်း ရေးသားချက် တစ်ရပ် ပြုလုပ်ထား ရာတွင် “၂၀၀၅ ခုနှစ် ဇွန်လက မော်တော်ဆိုင်ကယ်နဲ့ ကျွန်တော် အပြင်ထွက်ခဲ့တယ်။ တစ်နေရာ ရောက်တော့ ပါကင်ထိုးတယ်။ အဲဒီမှာ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့တွေက ပါကင်ထိုးလို့ မရဘူး ဆိုပြီး နောက်က လိုက်လာတယ်။ ကျွန်တော်လည်း ဆိုက်ကယ်ကို မရပ်ပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မမှားဘူးဆိုတာ သိလို့ပဲ။ ဒါပေမဲ့ သူတို့က စတီးပိုက်တွေနဲ့ လိုက်ရိုက်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒုက္ခိတ ဖြစ်သွားတယ်” ဟု ရေးသား ဖော်ပြထားသည်။

ကျီဆောင်ကျင်းသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားရန် ကြိုးပမ်းသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ၎င်းကို အရေးတယူ မပြုကြကြောင်း ဆက်လက် ဖော်ပြထားသည်။

“ကျွန်တော်တို့က လယ်သမားတွေ၊ ဆင်းရဲတဲ့သူတွေလည်းဖြစ်တော့ ကျွန်တော့်ကို ဘယ်သူကမှ အကူ အညီ မပေးချင်ကြဘူး” ဟု ကျီဆောင်ကျင်း နာမည်ဖြင့် ရေးသားထားသော ဘလော့ဂ်တွင် တွေ့ ရသည်။

နိုင်ငံပိုင် Xinhua သတင်းဌာန၏ ရေးသားချက်အရ ကျီဆောင်ကျင်း ဆိုသူသည် ၎င်းအပေါ် တရားမျှတမှု မရှိစွာ ဆက်ဆံမှုကြောင့် မသန်စွမ်းဘဝ သို့ ရောက်ခဲ့ရမှုအပေါ် နှစ်ပေါင်း အတန်ကြာ ဆန္ဒပြ ခဲ့သူ ဖြစ်သည်။

ဘေဂျင်းလေဆိပ်၌ ဖောက်ခွဲမှု မပြုလုပ်မီ ကျီဆောင်ကျင်း က ဘေးပတ်ဝန်းကျင်မှ လူများကို ထွက်ပြေး တိမ်းရှောင်ရန် အော်ဟစ် ခဲ့ကြောင်း၊ ထို့နောက် ဗြောက်အိုး ဖောက်သံကဲ့သို့ ကျယ်လောင်သည့် အသံ ထွက်ပေါ်လာကာ ကျီးဆောင်ကျင်းမှာ ဘီးတပ်ကုလားထိုင်ပေါ်မှ လဲကျသွားကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment