Tuesday, July 23, 2013

အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို


အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို

23.7.2013

အမေရိကန် ပြည်ထောင်စုကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“အမေရိကနဲ့ ဆွေးနွေးမှုကို ငါ အကောင်းမမြင်ဘူးလို့ အီရန် ပြက္ခဒိန်နှစ် အစတုန်းက ပြောခဲ့တာပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့နဲ့ ဆွေးနွေးမှုကို ငါမတားဆီးခဲ့ဘူး” ဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီက ထိပ်တန်း အစိုးရ အရာရှိများကို ပြောကြားသွားသည်။

အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက် ဆွေးနွေးမှုကို အပြုသဘော ရှုမြင် မထားကြောင်း ခါမေနီက ပြီးခဲ့သည့် မတ်လအတွင်း မှတ်ချက်ပြု ထားသည်။

အီရန် သမ္မတသစ်ကို သံတမန်ရေးရာ နည်းလမ်း အသုံးပြုပြီး ဆွဲဆောင် စည်းရုံးရန် အမေရိကန် လွှတ်တော် အမတ်များနှင့် အစိုးရ အရာရှိဟောင်း များက သမ္မတ အိုဘားမားကို အကြံပြုပြီးနောက် အီရန် ခေါင်းဆောင်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်း ဖြစ်သည်။

သဘောထား တင်းမာခြင်း မရှိသည့် ရော်ဟာနီ အီရန် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းမှာ အခွင့်အရေးကောင်း တစ်ခု ဖြစ်ကြောင်း ရော်ဟာနီ သမ္မတ ရာထူးကို တရားဝင် ထမ်းဆောင် သည်နှင့် တစ်ပြိုင်နက် ဆွေးနွေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံ အကျပ်ရိုက်စေမည့် အပြုအမူများကို ရှောင်ရှားရ မည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော် အမတ်များက အကြံပေးထား သည်။

“အမေရိကန်တွေက မယုံရဘူး။ သူတို့နဲ့ လာဆွေးနွေးတဲ့သူတွေအပေါ် သူတို့ မရိုးသားဘူး” ဟု ခါမေနီက အီရန် သမ္မတသစ်အဖြစ် ရွေးကောက်ခံ ထားရသူ ရော်ဟာနီ အပါအဝင် အီရန် အရာရှိများ ကို ပြောကြားသွားသည်။

ထို့အပြင် အီရန် နိုင်ငံ၏ အရေးကြီး မူဝါဒများကို ခေါင်းဆောင်ကြီး ခါမေနီက သာ တစ်ဦးတည်း အဆုံးအဖြတ် ပေးကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဇွန်လတွင်း ကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲတွင် သဘောထား တင်းမာမှု မရှိသော ရော်ဟာနီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးပြီး အီရန်အပေါ် ဖိအားပေးမှု များ လျော့ကျအောင် ပြုလုပ်မည်ဟု ကတိပြုထားသည်။

အီရန် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးနိုင်ရန် ရေနံ တင်ပို့ ရောင်းချမှုကို အမေရိကန် ပြည်ထောင်စုက ဖိအားပေး ပိတ်ပင်ထား သည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံကြားတွင် ၁၉၇၉ ခုနစ်မှစ၍ သံတမန် အဆက်အသွယ် မရှိသော်လည်း အီရန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေး သွားမည်ဟု အမေရိကန် သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်တွင် တရားဝင် ပြောကြားခဲ့သည်။

The Voice Weekly
အမေရိကန် ပြည်ထောင်စုကို ယုံကြည်စိတ်ချ၍မရဟု အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။


“အမေရိကနဲ့ ဆွေးနွေးမှုကို ငါ အကောင်းမမြင်ဘူးလို့ အီရန် ပြက္ခဒိန်နှစ် အစတုန်းက ပြောခဲ့တာပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့နဲ့ ဆွေးနွေးမှုကို ငါမတားဆီးခဲ့ဘူး” ဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီက ထိပ်တန်း အစိုးရ အရာရှိ များကို ပြောကြား သွားသည်။

အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက် ဆွေးနွေးမှုကို အပြုသဘော ရှုမြင် မထားကြောင်း ခါမေနီက ပြီးခဲ့သည့် မတ်လအတွင်း မှတ်ချက်ပြု ထားသည်။

အီရန်သမ္မတသစ်ကို သံတမန်ရေးရာနည်းလမ်းအသုံးပြုပြီး ဆွဲဆောင်စည်းရုံးရန် အမေရိကန် လွှတ်တော် အမတ်များနှင့် အစိုးရ အရာရှိဟောင်းများက သမ္မတအိုဘားမားကို အကြံပြုပြီးနောက် အီရန် ခေါင်းဆောင်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်း ဖြစ်သည်။

သဘောထားတင်းမာခြင်းမရှိသည့် ရော်ဟာနီအီရန် သမ္မတအဖြစ် ရွေးကောက်ခံရခြင်းမှာ အခွင့် အရေးကောင်း တစ်ခု ဖြစ်ကြောင်း ရော်ဟာနီ သမ္မတရာထူးကို တရားဝင်ထမ်းဆောင်သည်နှင့် တစ်ပြိုင်နက် ဆွေးနွေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံ အကျပ်ရိုက်စေမည့် အပြု အမူများကို ရှောင်ရှားရ မည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော် အမတ်များက အကြံပေးထား သည်။

“အမေရိကန်တွေက မယုံရဘူး။ သူတို့နဲ့ လာဆွေးနွေးတဲ့သူတွေအပေါ် သူတို့ မရိုးသားဘူး” ဟု ခါမေနီက အီရန် သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရသူ ရော်ဟာနီအပါအဝင် အီရန်အရာရှိများ ကို ပြောကြားသွားသည်။

ထို့အပြင် အီရန် နိုင်ငံ၏ အရေးကြီး မူဝါဒများကို ခေါင်းဆောင်ကြီး ခါမေနီကသာ တစ်ဦးတည်း အဆုံး အဖြတ် ပေးကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဇွန်လတွင်းကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲတွင် သဘောထား တင်းမာမှု မရှိသော ရော်ဟာနီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးပြီး အီရန်အပေါ် ဖိအားပေးမှု များ လျော့ကျအောင် ပြုလုပ်မည်ဟု ကတိပြုထားသည်။

အီရန် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးနိုင်ရန် ရေနံတင်ပို့ ရောင်းချမှုကို အမေရိကန် ပြည်ထောင်စုက ဖိအားပေး ပိတ်ပင်ထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံကြားတွင် ၁၉၇၉ ခုနစ်မှစ၍ သံတမန် အဆက်အသွယ် မရှိသော်လည်း အီရန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေး သွားမည်ဟု အမေရိကန် သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်တွင် တရားဝင် ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment