Wednesday, July 24, 2013

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်

Muslim women hold a banner as they run during a peace event.
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ် (Credit: AFP) 
ဖိလိပိုင်နိုင်ငံက ​ဆရာ ​ဆရာမနဲ့ ​ကျောင်းသားတွေကြား ​ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် ​စာသင်ကျောင်းက ​မွတ်စလင် ​ဆရာမတွေကို ​စာသင်ပြနေတဲ့အချိန်မှာ ​သူတို့ရဲ့ ​ခေါင်းပေါင်းတွေကို ​ချွတ်ထားရမယ်လို့ ​ဖိလိပိုင်အစိုးရက ​အမိန့်ထုတ်ပြန် ​လိုက်ပါတယ်။
အခုလို ​မွတ်စလင်ဆရာမတွေကို ​ခေါင်းပေါင်း ​ချွတ်ထားရမယ်ဆိုတဲ့ ​အမိန့်ထုတ်ပြန် ​လိုက်တာဟာ ​စာသင်ကျောင်းတွေမှာ ​ဘာသာရေးနဲ့ ​ပတ်သက်တဲ့ ​အယူသည်း ​မှုတွေကို ​ပြုပြင်ပြောင်းလဲမှု ​လုပ်တာဖြစ် တယ်လို့ ​ဖိလိပိုင်နိုင်ငံ ​ပညာရေးဆိုင်ရာ ​အတွင်းရေးမှူး ​Armin ​Luistro ​ကပြောပါတယ်။
ဒါပေမယ့် ​အခုထုတ်ပြန်လိုက်တဲ့ ​အမိန့်ထဲမှာ ​မွတ်စလင်ကျောင်းသူလေးတွေ ကတော့ ​ကျောင်းဝင်းတွေ ထဲမှာ ​ခေါင်းပေါင်းခွင့်ရှိသလို ​ကိုယ်ကာယ ​လေ့ကျင့်ခန်းပြုလုပ်တဲ့အတန်းမှာလည်း ​သင့်တော်တဲ့ အ၀တ် အစားတွေ ​၀တ်ဆင်နိုင်တယ်လို့ ​ပါရှိပါတယ်။
မွတ်စလင်ဆရာမတွေကိုလည်း ​စာသင်ခန်းထဲမှာ ​စာသင်ပြပေးနေချိန်အတွင်းသာ ​ခေါင်းပေါင်းကို ​ချွတ်ထားရမှာ ​ဖြစ်ပြီးတော့ ​ကျန်တဲ့ ​အတန်းချိန်မဟုတ်တဲ့ ​အချိန်တွေမှာ ​ခေါင်းပေါင်း ​ပေါင်းခွင့်ရှိ တယ် လို့လည်း ​သိရပါတယ်။ ​အခုလို ​အမိန့်ထုတ် ​ပြန်ရ တာဟာလည်း ​ကျောင်းသူကျောင်းသားတွေအနေနဲ့ ​သူတို့ရဲ့ ​ဆရာမကို ​ပိုမို ​မှတ်မိစေဖို့ ​အတွက်လည်း ​ဖြစ်တယ်လို့ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ ​မွတ်စလင်လူမျိုးဆိုင်ရာ ​အစိုးရဌာနကလည်း ​သဘောတူ လက်ခံပြီး ​မွတ်စလင် ​ဆရာမတွေဆီကနေ ​ဘာမှတုံ့ပြန်မှုတွေ ​မကြားသိရသေး ဘူးလို့ လည်း ​မွတ်စလင်လူမျိုးဆိုင်ရာ ​အစိုးရဌာနက ​တာဝန်ရှိသူတွေကဆိုပါတယ်။

ABC Radio

No comments:

Post a Comment