Wednesday, July 24, 2013

လီဗာပူးနဲ့ Melbourne Victory တို့ ဒီနေ့ ယှဉ်ပြိုင်ကြမယ်

The Liverpool fans were united in their tribute to the Hillsborough disaster dead.
Liverpool အသတင်းကိုအားပေးတဲ့ပရိတ်တွေ (Credit: AFP) 
သြစတြေးလျနိုင်ငံ ​မဲလ်ဘုန်းမြို့မှာ ​ဒီကနေ့ ​ကမ္ဘာ့နာမည်ကြီး ​လီဗာပူး ​ဘောလုံးအသင်းနဲ့ ​Melbourne ​Victory ​အသင်းတို့ ​ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ​ပရိသတ်အယောက်ပေါင်း ​၉၅၀၀၀ ​လောက် ​တက်ရောက်အားပေးကြမှာ ​ဖြစ်ပါတယ်။
ဒါဟာ ​နှစ်ပေါင်း ​၂၀ ​အတွင်း ​လီဗာပူးအသင်းအတွက် ​ပရိသတ်အများဆုံး ​လာကြည့်မယ့် ​ပွဲလည်း ​ဖြစ်ပါ တယ်။
Melbourne ​Victory ​အသင်း ​နည်းပြ ​Ange ​Postecoglou ​က ​သူတို့အသင်းအနေနဲ့ ​နာမည်ကြီး အသင်းနဲ့ ​ယှဉ်ပြိုင်ကစားရမှာဖြစ်တဲ့အတွက် ​အတော့်ကို ​ကြိုးစားရ မှာဖြစ်တယ်လို့ ​ပြော ပါတယ်။
တဆက်တည်းမှာပဲ ​သူဟာ ​သြစတြေးလျနိုင်ငံသားဖြစ်ပေမယ့် ​လီဗာပူးအသင်းကို ​ငယ်ငယ်ကတည်းက ​အားပေးသူဖြစ်တဲ့အကြောင်းလည်း ​သြစတြေးလျဖက်က ​Melbourne ​Victory ​အသင်း ​နည်းပြက ​ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဟာ ​အရင်တုန်းက ​ဘောလုံးအားကစားကို ​အားပေးအားမြောက်မှု ​လုပ်လေ့မရှိပေ မယ့် ​ခုအခါမှာ ​စိတ်ဝင်စားမှုတွေ ​များလာပြီး ​ကမ္ဘာ့နာမည်ကြီး ​အသင်းတွေကို ​ဖိတ်ခေါ်မှုတွေ ​လုပ်လာ ပါတယ်။
မကြာခင် ​ရက်ပိုင်းအတွင်းကပဲ ​မန်ချက်စတာယူနိုက်တက်အသင်းက ​ဆီဒနီမြို့ကိုလာ ​ကစားခဲ့ပြီး ​အဲဒီပွဲမှာ ​ပရိသတ်အယောက်ပေါင်း ​၉၉၈၀၀ ​ယောက် ​တက်ရောက်အားပေးခဲ့ကြပါတယ်။

ABC Radio

No comments:

Post a Comment