Wednesday, July 3, 2013

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအား အလုပ်အကိုင် နေရာချထားရေးအတွက် လူတွေ့စစ်ဆေးခံရန် အသိပေး

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှ ပြန်လည်ရောက် ရှိလာ သည့် အလုပ်သမားများကို အလုပ်နေရာများသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်
ရွက် ပေးလျက်ရှိရာ လာရောက် လျှောက်ထားသူ ၈၂ ဦး ရှိသည့်အနက် ၅၅ ဦးကို အလုပ်ခန့် ထား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၃-၇-၂ဝ၁၃ ရက်နေ့နှင့် ၄-၇-၂ဝ၁၃ ရက်နေ့များတွင် ၉ နာရီ အချိန် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃) ရပ်ကွက်၊ မြနန္ဒာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း ဖုန်း-ဝ၁-၅၆၄၇၇၃ တွင် ပြည်တွင်းကုမ္ပဏီများနှင့် စက်ရုံ၊ အလုပ်ရုံများမှ လူတွေ့စစ်ဆေးပြီး အလုပ်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံ မှ ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများအနေဖြင့် အထက်ဖော်ပြပါ လိပ်စာသို့ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် အလုပ်အကိုင်ကိစ္စ လာရောက် ဆက်သွယ် ဆောင်ရွက်နိုင် ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment