Saturday, July 20, 2013

ဆိုတေး သတိရလာချိန်မှာ ဇနီး မဟုတ်ကြောင်းငြင်း ဆိုရင်မချိုချိုမှ တရားစွဲဆိုမည်ဟုဆို

တေးသံရှင်ဆိုတေးရဲ့ဇနီးဖြစ်တယ်လို့ပြောဆိုသူထိုင်းနိုင်ငံမှမချိုချိုကဆိုတေးသတိရလာတဲ့အချိန်မှာသူ့ကိုဇနီးမဟုတ်ဘူးလို့ငြင်းဆိုရင်ဆိုတေးအားတရားစွဲဆိုသွားမယ်လို့သည်နေ့Myanmar Journalist Network မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။
မချိုချိုနဲ့ဆိုတေးတို့ကပြီးခဲ့တဲ့ဇွန်လ၂၇ ရက်နေ့မြ၀တီမှာ စတိတ်ရှိုးအတွက် သီဆိုဖို့ငှားရမ်းရာက စတင်တွေ့ ဆုံပြီး ဇူလိုင်လ၄ရက်နေ့ ဘန်ကောက်မှာ အတူပေါင်းသင်းနေထိုင်ခဲ့ကြောင်းပြောပါတယ်။

မချိုချိုအနေနဲ့ ဆိုတေးကိုဘန်ကောက်မှာဆေးကုသပေးဖို့ ဆန္ဒရှိကြောင်းလည်း သတင်းစာရှင်းလင်း ပွဲမှာပြောပါတယ်။

သည်အကြောင်းအရာနဲ့ပတ်သက်ပြီးဆိုတေးရဲ့အဒေါ်ဖြစ်သူကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ `ဘာမှဖြေ ရှင်း ဖို့ မရှိပါဘူး။ ဒီအမျိုးသမီးဘယ်ကပေါ်လာမှန်းမသိပါဘူး။ ဆိုတေးပြန်ကောင်းလာမှပဲ ဒီကိစ္စသိရ မှာပါ' လို့ပြောပါတယ်။
မော်ဒန်

No comments:

Post a Comment