Monday, July 8, 2013

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ
များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်းရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ မြ၀င်းဇော်နေအိမ်တွင်
ကျော်လင်း(၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ 
သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါအတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟု
ယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်
( ၃ကျပ် ၁၃ပဲ) အားရှာဖွေတွေ့ရှိခဲ့ပါသည်။
သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင်ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့်မှ
အော်ဟစ် တောင်းဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှ
မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှအနော်မာ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ 
(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။
မူးယစ်ဆေးဝါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ)၁၀/၁၃၊ 
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူမူးယစ်ဆေးဝါး
ဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ(၅၀)ဦးခန့်မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်
တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်
မရအောင်တားဆီး နှောင့်ယှက်သဖြင့်အရေးယူဆောင်ရွက်
နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်း ရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏  မူးယစ်ဆေးဝါး ဖမ်း ဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ မြ၀င်းဇော်နေအိမ် တွင်ကျော်လင်း (၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါ အတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်( ၃ကျပ် ၁၃ပဲ) အားရှာဖွေတွေ့ရှိခဲ့ပါသည်။
သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင်ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့် မှအော် ဟစ် တောင်း ဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှမြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှ အနော်မာ (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။ မူးယစ်ဆေး ၀ါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ) ၁၀/၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့် အတူ မူးယစ်ဆေး ၀ါးဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ (၅၀)ဦး ခန့် မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်မရအောင်တားဆီး နှောင့်ယှက်သဖြင့် အရေးယူဆောင်  ရွက် နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
From...Myawady News

No comments:

Post a Comment