Saturday, July 27, 2013

အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး



Photo: အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး
Saturday, July 27, 2013

အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင်စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား

လီဗာပူးလ်အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ် အနေဖြင့် အ သင်းကို ကျောခိုင်းပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု သတိပေး ပြောဆိုလိုက်သည်။ အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အ ရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အ သင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား သည်။အာဆင်နယ်သည် အဆိုပါ အချက်ကို အခွင့်ကောင်းယူ ကာ ပေါင်စ တာလင် သန်း(၄၀)အပြင် ငွေသား(၁)ပေါင် ထပ်ပေးကာ ဆွာရက်ဇ်ကို ကမ်းလှမ်းထားသည်။ လီဗာပူးလ်က ဆွာရက်ဇ်ကို မရောင်းနိုင်ဟု ငြင်းဆို ထားသော်လည်း အကယ်၍ ကစားသမားကသာ အသင်းပြောင်းခွင့် တောင်း ဆိုလာလျှင် စာချုပ်သတ်မှတ်ချက် စတင်အကျုံးဝင်ပြီး လီဗာပူးလ်အတွက် ယခုကိစ္စကို ကိုင်တွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ကျွန်တော်က အသင်းကို ဘယ်လို တည်ဆောက်ရမယ်၊ ဘယ်လို မြှင့်တင် ကြိုးစားရမယ် ဆိုတာကို သိပါတယ်။ ရိုးရိုးသားသား ပြောရအောင်။ လီဗာပူးလ်က ကစားသမားတစ်ယောက် အာဆင်နယ်ကို ပြောင်းသွားတာ တိုးတက်မှုတစ်ခုပဲလား။ ကျွန်တော်တို့ မသေချာဘူးလေ။ အာဆင်နယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်းနဲ့ ခန့်ထည်မှု ရှိခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်ခုပါ။ လောလောဆယ် ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် မရထားဘူး။ ဒါပေမဲ့ အဲဒီအဆင့်နဲ့ ဝေးကွာလွန်းနေတာ မဟုတ်ပါဘူး။ ရှေ့တစ်လှမ်း တိုးပြီး စိန်ခေါ်မှု တစ်ခုအတွက် အသင့်ဖြစ်နေပါပြီဟု ပြောကြားခဲ့သည်။

၎င်းက ချန်ပီယံလိဂ် ကစားခွင့် မရတာဟာ ဆွာရက်ဇ်အတွက် ခက်ခဲပါတယ်။ ဒါကို ကျွန်တော် နားလည်တယ်။ အထူးသဖြင့် တခြားအသင်းတစ်ခုက ကိုယ့်ကို လိုချင်နေတာ သိရင် ပိုခက်ခဲလာတတ်တယ်။ ဒါပေမဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ် ရဲ့ ရပ်တည်မှုနဲ့ အခြေအနေကို နားလည်ဖို့လိုတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကိစ္စတစ်ခုခုကို အကြာကြီး အချိန်ဆွဲနေတာမျိုးတော့ မဖြစ်စေချင်ဘူးဟုလည်း ဆိုသည်။ ဆွာရက်ဇ်သည် လက်ရွေးစင် အသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရသည့်အတွက် အပိုဆောင်း နားရက်ယူခဲ့ပြီး ယခုအခါတွင်မူ ဩစတြေးလျတွင် လေ့ကျင့်ခန်း ဆင်းနေသည့် အသင်းတွင် ပြန်လည် ပူးပေါင်းနေပြီ ဖြစ်သည်။

သတင်းထောက်များက ဆွာရက်ဇ် အနေဖြင့် အသင်းပြောင်းရန် အတင်းအ ကျပ် တောင်း ဆိုမှု ရှိလာပါက အမှားတစ်ခု ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ရာ ရော့ဂျာက (၁၀၀)ရာခိုင်နှုန်း သေချာတာပေါ့။ ဆွာရက်ဇ်ဟာ သူ့ကို ဝန်းရံပြီး တည်ဆောက်ထားတဲ့ အသင်းတစ်ခုအတွက် ကစားနေရတာပါ။ သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ကစားသမားသစ် တချို့ကိုလည်း ကျွန်တော် ခေါ်ပေးခဲ့တယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ခုချိန်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ် ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ဒါကို ကျွန်တော်တို့ဘက်က အလေးအနက် တန်ဖိုးထားပါတယ်ဟု ဖြေဆိုသွားသည်။

Planet Myanmar Network
အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့် ရမည် ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား


လီဗာပူးလ်အသင်း မန်နေဂျာဘရန်ဒန် ရော့ဂျာကတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်အနေဖြင့် အ သင်းကို ကျောခိုင်းပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု သတိပေး ပြောဆို လိုက်သည်။ အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အ ရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အ သင်းနှင့် ဆွေးနွေး ခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား သည်။အာဆင်နယ်သည် အဆိုပါ အချက်ကို အခွင့်ကောင်းယူ ကာ ပေါင်စ တာလင် သန်း(၄၀)အပြင် ငွေသား(၁)ပေါင် ထပ်ပေးကာ ဆွာရက်ဇ်ကို ကမ်းလှမ်းထားသည်။ လီဗာပူးလ်က ဆွာရက်ဇ်ကို မရောင်းနိုင်ဟု ငြင်းဆို ထားသော်လည်း အကယ်၍ ကစားသမားကသာ အသင်းပြောင်းခွင့် တောင်း ဆိုလာလျှင် စာချုပ်သတ်မှတ်ချက် စတင်အကျုံးဝင်ပြီး လီဗာပူးလ်အတွက် ယခုကိစ္စကို ကိုင်တွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ကျွန်တော်က အသင်းကို ဘယ်လို တည်ဆောက်ရမယ်၊ ဘယ်လို မြှင့်တင် ကြိုးစားရမယ် ဆိုတာကို သိပါတယ်။ ရိုးရိုးသားသား ပြောရအောင်။ လီဗာပူးလ်က ကစားသမားတစ်ယောက် အာဆင်နယ် ကို ပြောင်းသွားတာ တိုးတက်မှုတစ်ခုပဲလား။ ကျွန်တော်တို့ မသေချာဘူးလေ။ အာဆင်နယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်းနဲ့ ခန့်ထည်မှု ရှိခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်ခုပါ။ လောလောဆယ် ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် မရထားဘူး။ ဒါပေမဲ့ အဲဒီအဆင့်နဲ့ ဝေးကွာလွန်းနေတာ မဟုတ်ပါဘူး။ ရှေ့တစ်လှမ်း တိုးပြီး စိန်ခေါ်မှု တစ်ခုအတွက် အသင့်ဖြစ်နေ ပါပြီဟု ပြောကြားခဲ့သည်။

၎င်းက ချန်ပီယံလိဂ် ကစားခွင့် မရတာဟာ ဆွာရက်ဇ်အတွက် ခက်ခဲပါတယ်။ ဒါကို ကျွန်တော် နားလည် တယ်။ အထူးသဖြင့် တခြားအသင်းတစ်ခုက ကိုယ့်ကို လိုချင်နေတာ သိရင် ပိုခက်ခဲလာ တတ် တယ်။ ဒါပေမဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ် ရဲ့ ရပ်တည်မှုနဲ့ အခြေအနေကို နားလည်ဖို့လိုတယ်။ ဘာတွေ ဖြစ်လာ မယ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကိစ္စတစ်ခုခုကို အကြာကြီး အချိန်ဆွဲနေ တာမျိုးတော့ မဖြစ်စေချင်ဘူးဟုလည်း ဆိုသည်။ ဆွာရက်ဇ်သည် လက်ရွေးစင် အသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရသည့်အတွက် အပိုဆောင်း နားရက်ယူခဲ့ပြီး ယခုအခါတွင်မူ ဩစတြေးလျတွင် လေ့ကျင့်ခန်း ဆင်းနေသည့် အသင်းတွင် ပြန်လည် ပူးပေါင်းနေပြီ ဖြစ်သည်။

သတင်းထောက်များက ဆွာရက်ဇ် အနေဖြင့် အသင်းပြောင်းရန် အတင်းအ ကျပ် တောင်း ဆိုမှု ရှိလာပါက အမှားတစ်ခု ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ရာ ရော့ဂျာက (၁၀၀)ရာခိုင်နှုန်း သေချာတာပေါ့။ ဆွာရက်ဇ်ဟာ သူ့ကို ဝန်းရံပြီး တည်ဆောက်ထားတဲ့ အသင်းတစ်ခုအတွက် ကစားနေရတာပါ။ သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ကစားသမားသစ် တချို့ကိုလည်း ကျွန်တော် ခေါ်ပေးခဲ့တယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ခုချိန်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ် ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ဒါကို ကျွန်တော်တို့ဘက်က အလေးအနက် တန်ဖိုးထား ပါတယ်ဟု ဖြေဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment