Tuesday, July 30, 2013

ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ

Photo: ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ
Tuesday, July 30, 2013

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက်က သောင်ရင်းမြစ်မှာ
ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉  ရက် နေ့ က မြန်မာနိုင်ငံ မြ၀တီဖက်ခြမ်းမှာ ရေကြီးမှုကြောင့် ရေဘေးဒုက္ခရောက် နေကြတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရေဘေးဒုက္ခသည်တစ်ယောက်က အခုလို ပြောပါတယ်။

ကျနော်တို့ မြ၀တီဘက်မှာဆိုရင် အမှတ်တစ် အလယ်တန်းကျောင်းပေါ့ ပိတ်သွားပြီ ကျန်တဲ့ မူလတန်းကျောင်း (၅)ကျောင်း (၆)ကျောင်းလောက်က ရေမြှုပ်နေတာပေါ့ ဒီနေ့က ဘယ်သူမှကျောင်းမသွားတော့ အကုန်လုံး ကျောင်းကပိတ်ထားပေရတာပေါ့ ကြံခင်းပိုင်းတပိုင်းလုံးမြှုပ်တယ် (၂)ထောင်လောက်တော့ ရှိမယ် ထင်တာပဲ အိမ်အလုံးရေပေါင်းပေါ့၊ အခက်အခဲကတော့ လူတွေကတော့ နေစရာထိုင်စရာပေါ့ သွားရေးလာရေး ကအရမ်းခက်ပါတယ်။

မြန်မာနိုင်ငံတစ်ဖက်ခြမ်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်းတွေနဲ့ မြေနှိမ့်ပိုင်း အတော်များများမှာ ရေတွေဝင်လာတဲ့အတွက် ထိုင်းစာသင်ကျောင်းတချို့နဲ့ SAW လို့ခေါ်တဲ့ မြန်မာ အထက်တန်းကျောင်း အပါအ၀င် ကျောင်းအတော်များများ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ကမ်းနဘေးမှာ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတွေမှာလည်း အိမ်ခေါင်မိုးလောက်ထိ ရေမြုပ်ခဲ့လို့ မနက်လင်းအားကြီးချိန် ကတည်းက ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

မဲဆောက်မြို့က မယ်တော်ရပ်ကွက်မှာရှိတဲ့ ဘုတ်ဖိုဘုန်းတော်ကြီးကျောင်းမှာတော့ ရေဘေးဒုက္ခရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒီကျောင်းမှာ သတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးက အခုလို မိန့်ကြားပါတယ်။

ကမ်းနားတလျောက် နေအိမ်တွေမှာ ရေကြီးလို့ ရေဘေးဒုက္ခနဲ့ကြုံတွေ့တဲ့ အခါကြတော့ လာရောက်တာပါ။ လူဦးရေကတော့ ကိုးရာ တစ်ထောင်လောက် တော့ရှိပါတယ်။ စက်ရုံလုပ်သားတွေလည်းပါတယ် ရပ်ကွက်နေသူတွေလည်းပါပါတယ်။ 

ဇူလိုင် ၂၉  ရက်နေ့ညနေပိုင်းအထိ ရေပြန်မကျသေးပဲဖြစ်နေတဲ့အတွက် ရေဘေးဒုက္ခ သည်တွေ စားသောက်ဖို့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဒေသမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာလည်း မိုးသည်းထန်မှုတွေ၊ ရေကြီးမှုတွေ ဖြစ်နေတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတည်ရှိရာနေရာ တဝိုက်ရေကြီးနေပုံ (Credit: ABC)
အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက် က သောင်ရင်းမြစ်မှာ ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ် ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက် နေ့ က မြန်မာနိုင်ငံ မြ၀တီဖက်ခြမ်းမှာ ရေကြီးမှုကြောင့် ရေဘေးဒုက္ခရောက် နေကြတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရေဘေးဒုက္ခသည်တစ်ယောက်က အခုလို ပြောပါတယ်။

ကျနော်တို့ မြ၀တီဘက်မှာဆိုရင် အမှတ်တစ် အလယ်တန်းကျောင်းပေါ့ ပိတ်သွားပြီ ကျန်တဲ့ မူလတန်းကျောင်း (၅)ကျောင်း (၆)ကျောင်းလောက်က ရေမြှုပ်နေတာပေါ့ ဒီနေ့က ဘယ်သူမှကျောင်း မသွားတော့ အကုန်လုံး ကျောင်းကပိတ်ထားပေရတာပေါ့ ကြံခင်းပိုင်းတပိုင်းလုံးမြှုပ်တယ် (၂)ထောင်လောက်တော့ ရှိမယ် ထင်တာပဲ အိမ်အလုံးရေပေါင်းပေါ့၊ အခက်အခဲကတော့ လူတွေ ကတော့ နေစရာထိုင်စရာပေါ့ သွားရေးလာရေး ကအရမ်းခက်ပါတယ်။

မြန်မာနိုင်ငံတစ်ဖက်ခြမ်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်းတွေနဲ့ မြေနှိမ့်ပိုင်း အတော်များများမှာ ရေတွေဝင်လာတဲ့အတွက် ထိုင်း စာသင်ကျောင်း တချို့နဲ့ SAW လို့ခေါ်တဲ့ မြန်မာ အထက်တန်းကျောင်း အပါအ၀င် ကျောင်းအတော် များများ ပိတ်ထား လိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ကမ်းနဘေးမှာ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတွေမှာလည်း အိမ်ခေါင်မိုးလောက်ထိ ရေမြုပ်ခဲ့လို့ မနက်လင်းအားကြီးချိန် ကတည်းက ရေဘေးလွတ်ရာ ဘုန်းတော် ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

မဲဆောက်မြို့က မယ်တော်ရပ်ကွက်မှာရှိတဲ့ ဘုတ်ဖိုဘုန်းတော်ကြီးကျောင်း မှာတော့ ရေဘေး ဒုက္ခရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေ တယ်လို့ ဒီကျောင်းမှာ သတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးက အခုလို မိန့်ကြားပါတယ်။

ကမ်းနားတလျောက် နေအိမ်တွေမှာ ရေကြီးလို့ ရေဘေးဒုက္ခနဲ့ကြုံတွေ့တဲ့ အခါကြတော့ လာရောက် တာပါ။ လူဦးရေကတော့ ကိုးရာ တစ်ထောင်လောက် တော့ရှိပါတယ်။ စက်ရုံလုပ်သားတွေလည်းပါတယ် ရပ်ကွက်နေသူတွေလည်းပါပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ညနေပိုင်းအထိ ရေပြန်မကျသေးပဲဖြစ်နေတဲ့အတွက် ရေဘေးဒုက္ခ သည်တွေ စားသောက်ဖို့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဒေသမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာလည်း မိုးသည်းထန်မှုတွေ၊ ရေကြီးမှုတွေ ဖြစ်နေတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတည်ရှိရာနေရာ တဝိုက်ရေကြီးနေပုံ (Credit: ABC)

No comments:

Post a Comment