Tuesday, July 30, 2013

မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဓာတ်ငွေ့ ပို့လွှတ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း သမ္မတထံ တင်ပြမည်

7.30.6
မန္တလေး Off-take Station တွင် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ စီးဆင်းပုံအား ပြသထားစဉ်
မြန်မာ-တရုတ်ပိုက်လိုင်းနှင့်ပတ်သက်၍ နစ်နာမှုရှိသည့် ပိုက်လိုင်းတစ်လျှောက် ဒေသခံများနှင့် ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ ဖြစ်ပေါ်လျက်ရှိသော ပြဿနာများကို ဖြေရှင်းမှုမရှိဘဲ ဓာတ်ငွေ့
ပို့လွှတ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း စုပေါင်း လက်မှတ်ရေးထိုးကာ နိုင်ငံတော် သမ္မတထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
''ပိုင်းလိုင်းတစ်လျှောက် အဘက်ဘက်က နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့ ဒေသခံတွေ စုပေါင်းလက်မှတ် ထိုးပြီး နိုင်ငံတော် သမ္မတထံ တင်ပြဖို့ စီစဉ်ထားပါတယ်။ တင်ပြမယ့် ရက်ကိုတော့ အတိအကျ မချမှတ် ရသေးပါဘူး'' ဟု ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။
ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံများနှင့် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ ဇူလိုင် ၂၈ ရက်က မန္တလေးမြို့ ၂၆ လမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက် ကို ထုတ်ပြန်ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အခုလို မိုးရာသီမှာ ပိုက်လိုင်းကို ဖို့ထားတဲ့ မြေတွေက စိုက်ခင်းတွေပေါ် ပြိုကျပြီး သီးနှံတွေ ပျက်စီး ကုန်တယ်။ ဓာတ်ငွေ့ စပို့လွှတ်ဖို့အတွက် စမ်းသပ်တဲ့အချိန်မှာလည်း ပေါက်ကွဲမှုတွေ မကြာ ခဏ ဖြစ်ပေါ်တယ်'' ဟု မကွေးတိုင်း ဒေသကြီး အနောက်ရိုးမ ဒေသမှ စလိုင်းသိန်းနိုင်ဦး က ပြော ကြား သည်။
''ပိုက်လိုင်းနဲ့ ပတ်သက်ပြီး လျော်ကြေးလုံးဝ မရတာတွေ ရှိတယ်။ တစ်ရွာလုံးကို လျော်ကြေး သိန်းနှစ်ရာ ပေးတာရှိသလို တချို့ရွာတွေမှာက တစ်အိမ်ကို နှစ်သိန်းပေးတာ မျိုးတွေလည်း ရှိ တယ်။ ဒေသခံ အလုပ်သမားတွေ ခေါ်ခိုင်းပြီး ထိခိုက်ဒဏ်ရာ ရခဲ့ရင်လည်း ဘာတာဝန်ယူမှုမှ မရှိဘူး''ဟု ရှမ်းပြည်နယ်မှ ဒေသခံ တစ်ဦးက ပြောကြားသည်။

EMG

No comments:

Post a Comment