Tuesday, July 23, 2013

တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ


Photo: တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

23.7.2013

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ
ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်
နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်
ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ
တပ်ဖွဲ့ဝင်များပူပေါင်း၍စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်းကပ်နေထိုင်သော ယခင်ကလယ်
ပြဿနာဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ
ရုံကျေးရွာ၊တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို
ကျေးရွာနေသူများဖြစ်သည့်အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊
(ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊
(၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး
၎င်းမှလည်းပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့်
ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန်
ခဲ့ကြကြောင်းဝန်ခံထွက်ဆိုကြပြီးအသုံးပြုခဲ့သည့်သက်သေခံဓါးနှင့်
ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ
များအားအပ်ပေးသဖြင့် သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး
ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊မြို့နယ်များမှတပ်ဖွဲ့ဝင်များပူပေါင်း၍စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်းကပ်နေထိုင်သော ယခင်ကလယ်ပြဿနာဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ
ရုံကျေးရွာ၊တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တိုကျေးရွာနေသူများဖြစ်သည့် အရှည်ကြီး (ခ) ကိုဇော်၊(၃၇)နှစ်၊(ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊(၂၅)နှစ်၊ (ဘ) ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်းပြစ်မှု ကျူးလွန်ရာတွင် အတူပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ် (ခ)မောင်ထွန်း (ခ)ထော်ကြီးတို့မှလည်း ကျူးလွန်ခဲ့ကြကြောင်းဝန်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံ ဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေများအားအပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment