Tuesday, July 30, 2013

ခိုလှုံသူတွေထိန်းသိမ်းဖို့ ပါပူဝါနယူးဂနီမှာ စခန်းဆောက်မယ်

သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လာနေတာတွေကို တားမြစ် နိုင်ဖို့ သြစတြေးလျ အစိုးရက ပါပူဝါနယူးဂနီ PNG နိုင်ငံနဲ့ သဘောတူညီချက် ရယူခဲ့ပြီး၊ အခုအခါမှာ ခိုလှုံခွင့်တောင်းလို သူတွေကို ထိန်းသိမ်းဖို့စခန်းကို PNG ပိုင် မားနက်ကျွန်းမှာ အပူတပြင်းတည်ဆောက် တော့မှာဖြစ် ပါတယ်။

ဆောက်လုပ်ရေး ပစ္စည်းတင်ဆောင်တဲ့ နောက်ဆုံးသင်္ဘောတစီးလဲ အဲဒီကျွန်းကို ညတွင်းခြင်း ဆိုက်ရောက် လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒုက္ခသည် စီစစ်မှု အစီအစဉ်ကို png နိုင်ငံက တာဝန်လွှဲယူတော့မှာ ဖြစ်တဲ့ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီတွေနဲ့ တိုင်ပင် ပြီးမှ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

Papua New Guinea ဝန်ကြီးချု့ပ် Peter ONeill က ခိုလှုံခွင့်တောင်းလိုသူတွေ ဘယ်တော့ ရောက်ဖို့ လိုအပ်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီး သဘောတူညီချက်ထဲမှာ မပါရှိတဲ့အကြောင်း၊ ဒုက္ခသည် စစ်မှန် တယ်ဆိုတာ စီစစ်တွေ့ရှိပြီးနောက် Papua New Guinea နိုင်ငံမှာ အမြဲတမ်းအခြေချ နေထိုင်ခွင့်ရရှိ သူတွေ ကုန်ကျစရိတ်အားလုံးကို သြစတြေးလျ နိုင်ငံက အကုန်အကျခံဖို့ အတွက် မျှော်လင့်ထား တယ်လို့ ဆိုပါတယ်။

အခုတည်ဆောက်မှာဖြစ်တဲ့ အဆောက်အဦးဟာ လူပေါင်း ၃၀၀၀ အထိ ဆန့်တဲ့ အဆောင် အဦး ဖြစ်တယ်လို့လဲ သိရပါတယ်။ ခိုလှုံခွင့်တောင်းလိုသူတွေ ပထမအသုတ်ကို ဒီတပါတ်မကုန်ခင် စပြီး ပို့ဆောင်ဖို့ ရှိတယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဌါန ကပြောပါတယ်။

သြစတြေးလျအစိုးရက ပါပူဝါနယူးဂနီနိုင်ငံမှာ လူပေါင်း ၃၀၀၀ ဆန့်တဲ့ ထိန်းသိမ်းရေး စခန်း ဆောက် ဖို့ ပြင်ဆင်နေချိန်မှာပဲ အတိုက်အခံပါတီကလည်း သူတို့ပါတီအနေနဲ့ အစိုးရဖြစ်လာမယ်ဆိုရင် Nauru ကျွန်းနိုင်ငံမှာ လူပေါင်း ၂၀၀၀ ဆန့်တဲ့ ခိုလှုံခွင့်တောင်းလိုသူတွေ ထိန်းသိမ်းဖို့ ယာယီ စခန်း တည်ဆောက် မယ်လို့ ပြောပါတယ်။

အဲဒီကျွန်းမှာပဲ ခိုလှုံခွင့်တောင်းလိုသူတွေ ဒုက္ခသည် စစ်မစစ် ဆိုတာ စစ်ဆေးဖို့ ရွာတစ်ရွာ တည်ထောင် မယ် လို့လည်း ပြောလိုက်ပါတယ်။

Nauru ကျွန်းပေါ်မှာ လောလောဆယ် ခိုလှုံခွင့်တောင်းလိုသူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတစ်ခု ရှိနေပြီး အဲဒီစခန်းမှာ ဒီလအတွင်း အဓိကရုန်းဖြစ်ခဲ့တဲ့အတွက် စခန်းမှာ တန်ဖိုးအားဖြင့် ဒေါ်လာ သန်းပေါင်း ၆၀ လောက် နစ်နာ ဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။
radioaustralia

No comments:

Post a Comment