Tuesday, July 30, 2013

ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ

ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည် ခိုးယူနေသောအမှုများပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ညနေပိုင်းတွင်ဦး---- ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေပြည်တော်အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြောပိတ်ကုသဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ ၂၅ရက်နေ့ ညနေ ၄နာရီခန့် တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစား
လက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈) ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံ စစ် ဆေးရာ သုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင် ဆိုင် များနှင့် တခြားနေရာများတွင် ငွေအများပြားသုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင်ဖမ်းဆီးစစ်ဆေးရာ သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူ ထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ ဆက်လက် စစ်ဆေးနေ ဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment