Friday, July 26, 2013

လှိုင်သာယာတွင် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ထောင်ဒဏ် ချမှတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဆရာတော် ဦးပညာဝရ ဟော ကြားသော ဘဝလမ်းခွဲ တရားခွေ ဖွင့်သည်ကို အော်ဟစ် လှောင်ပြောင်မှုများ ပြုလုပ်၍ ပဋိပက္ခ ဖြစ်စေ ရန် လှုံ့ဆော်သူသုံးဦးကို သာသနာ ညှိုးနွမ်းအောင် ပြုလုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် လှိုင်သာယာမြို့နယ် တရားရုံးက ဇူလိုင်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ သိရသည်။

အဆိုပါ ပြစ်ဒဏ်ကျခံရသူ သုံးဦးမှာ ဦးဟာနစ် (ခ) ရန်နိုင်ဝင်း၊ ဒေါ်ပိုလေး (ခ) ကြည်ကြည်လွင်နှင့် ဒေါ်ကြည်ကြည်ဝင်း (ခ) မဂျမ်းဘီတို့ ဖြစ်ကာ အမှတ် (၁) ရပ်ကွက်နေ ဦးစန်းဝေက တရားစွဲဆိုခြင်း ဖြစ်ကြောင်း လှိုင်သာယာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထိန်းစိုးက ဆိုသည်။

“ခုတော့ အခြေအနေ အားလုံးက ပုံမှန် ပြန်ဖြစ်နေပါပြီ” ဟု လှိုင်သာယာ မြို့နယ် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။

အဆိုပါ သုံးဦးကို အမိန့် ချမှတ်သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံး၌ စိတ်ဝင် စား၍ လာရောက် နားထောင်သူ ၅၀ ဦးခန့် ရှိပြီး လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ကိုလည်း တွေ့ရှိရကြောင်း တရားရုံး သို့ ကိုယ်တိုင် လိုက်ပါခဲ့သူ လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ အသက် ၃၀ ခန့် အမျိုးသား တစ်ဦးက ဆိုသည်။

အမှတ် (၁) ရပ်ကွက်အတွင်း နေထိုင်သည့် ဦးရန်နိုင်ဝင်းနှင့် ၎င်း၏ဇနီး အပါအဝင် သုံးဦး သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လူမြင်ကွင်း၌ တရားခွေများကိုဖျက်ဆီးခဲ့ခြင်းနှင့် အော် ဟစ် လှောင်ပြောင်သောကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညတွင် အမှတ် (၁) ရပ်ကွက်နေ ပြည်သူ များက ဗိုလ်ချုပ်လမ်းနှင့် တပင်ရွှေထီးလမ်းရှိ လမ်းဘေး ကွမ်းယာဆိုင်နှင့် စက်ဘီးပြင် ဆိုင်ငယ်များကို ဖျက်ဆီးခဲ့ရာမှ ပဋိပက္ခများ စတင်ခဲ့ခြင်း ဖြစ် သည်။

လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် မတ်လ ၂ ရက်နေ့ ညတွင် လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရပ်ကွက်၊ အမှတ် (၁၉) ရပ်ကွက်နှင့် အမှတ် (၂၀) ရပ်ကွက်တို့တွင် ရပ်ကွက်နေ ပြည်သူများ မထိတ်လန့်စေရန် အသံချဲ့စက်များဖြင့် သတိပေး ချက်များ ထုတ်ပြန်ခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် ဒေသဆိုင်ရာ အာဏာပိုင် များက ဒေသန္တရ အမိန့်များ ထုတ်ထား၍ လုံခြုံရေးအတွက် ထိန်းသိမ်းခဲ့ ရသည်။
 The voice

No comments:

Post a Comment