Wednesday, July 31, 2013

အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝါနယူးဂနီပို့ဖို့ သြစီ စီစဉ်


Manus ကျွန်းပေါ်ရှိ ခိုလှုံခွင့်တောင်းလိုသူတွေကို ထိန်းသိမ်းထားတဲ့ ယာယီ (Credit: ABC licensed) 
သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ရောက်ရှိလာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူတွေကို ​သြစတြေးလျနိုင်ငံမှာ ​မထားဖို့ ​အစိုးရက ​ဆုံးဖြတ်ပြီးနောက် ​ခုအခါမှာ ​အိမ်ထောင်မကျသေးတဲ့ ​အမျိုးသားတွေကို ​ပါပူနယူးဂနီနိုင်ငံကို ​ပထမဦးဆုံးအနေနဲ့ ​ပို့ဆောင်တော့မယ်လို့ ​သိရပါတယ်။
ခုလောလောဆယ် ​ပါပူဝါနယူးဂနီနိုင်ငံ ​Manus ​ကျွန်းရှိ ​ထိန်းသိမ်းရေးစခန်းကို ​အိမ်ထောင်မရှိသေးတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​ဘယ်နှစ်ယောက်ကို ​ပို့ဆောင်မလဲဆိုတာ ​ထုတ်ဖော်ပြောဆိုတာ ​မရှိသေးပေမယ့် ​အစိုးရရဲ့ ​မူဝါဒသစ် ​အသေးစိတ်ကို ​ဒီကနေ့ ​ထုတ်ဖော် ​နိုင်တယ်လို့ ​မျော်လင့်နေကြပါတယ်။
ပါပူဝါနယူးဂနီနိုင်ငံကို ​မပို့ခင် ​သြစတြေးလျနိုင်ငံမှာ ​ကျန်းမာရေးစီစစ်မှုတွေ ​လုပ်ခဲ့ပြီး ​အခြေအနေ ​ကောင်းမွန် သူတွေကိုသာ ​ပို့ဆောင်မှာဖြစ်ကြောင်း ​သြစတြေးလျ ​လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ​တိုနီဘ့ာခ်က ​ပြောပါတယ်။
ခုလောလောဆယ် ​Manus ​ကျွန်းပေါ်က ​ထိန်းသိမ်းရေးစခန်းဟာ ​မိသားစုတွေ ​နေထိုင်ဖို့ ​မသင့်တော်တဲ့ ​အခြေအနေမှာ ​ရှိနေတဲ့အတွက် ​အိမ်ထောင်မရှိတဲ့ ​အရွယ်ရောက်ပြီးသား ​အမျိုးသားတွေကိုသာ ​စတင် ပို့ဆောင်တာဖြစ်ပြီး ​စခန်းအခြေအနေ ​တိုးတက်တဲ့အခါ ​မိသားစုအလိုက် ​ပို့ဆောင်တော့မယ် လို့လည်း ​ပြောပါတယ်။
Manus ​ကျွန်းပေါ်က ​ထိန်းသိမ်းရေးစခန်းကို ​လူပေါင်း ​၃၀၀၀ ​ဆန့်အောင် ​တိုးချဲ့ဆောက်လုပ်ဖို့ ​ရှိတယ်လို့ ​အစိုးရက ​ကြေညာပြီးနောက် ​အတိုက်အခံပါတီကလည်း ​သူတို့ပါတီအနေနဲ့ ​ရွေးကောက်ပွဲမှာ ​အနိုင်ရရင် ​လူပေါင်း ​နှစ်ထောင်ကနေ ​ငါးထောင်အထိဆန့်တဲ့ ​ခိုလှုံခွင့်တောင်းသူ ​ထိန်းသိမ်းရေး စခန်းကို ​Nauru ​ကျွန်းနိုင်ငံမှာ ​ထားရှိမယ်လို့ ​ကြေညာခဲ့ပါတယ်။
နိုင်ငံရေး ​ခေါင်းဆောင်တွေ ​ခုလို ​ကြေညာတုန်းမှာပဲ ​နောက်ထပ် ​ခိုလှုံခွင့် ​တောင်းလိုသူတွေ ​တင်ဆောင် လာတဲ့လှေ ​သြစတြေးလျ ​နိုင်ငံထဲ ​ရောက်ရှိလာပါတယ်။
ခိုလုံခွင့် ​တောင်းခံဖို့အတွက် ​ဒုက္ခသည် ​အမြောက်အမြားတင်ဆောင်လာတဲ့ ​လှေတစင်းကို ​ဒီနေ့မနက် ​အစောပိုင်းက ​တွေ့ရှိခဲ့ကြောင်း ​သြစတြေးလျ ​ရေပိုင်နက် ​လုံခြုံရေး ​အဖွဲ့ ​က ​အတည်ပြုပြောကြား လိုက်ပါ တယ်။
အဲဒီ ​လှေဟာ ​လူပေါင်း ​၈၅ ​ဦးခန့်တင်ဆောင်လာပြီး ​အင်ဒိုနီးရှား ​ကမ်းရိုးတန်းအနီးမှာ ​တွေ့ရှိခဲ့ တယ်လို့သြတြေးလျ ​အာဏာပိုင်တွေက ​ဆိုပါတယ်။
ဒါပေမယ့်လည်း ​အဲဒီလှေကို ​အင်ဒိုနီးရှားဘက်ကို ​ပြန်ပို့နိုင်ဖို့ ​အင်ဒိုနီးရှား ​နိုင်ငံရဲ့ ​ရှာဖွေရေးနဲ့ ကယ်ဆင်ရေး ​အေဂျင်စီ ​ဘာဆာနက်စ် ​ကိုယ်စား ​သြစတြေးလျ ​ရေပိုင်နက်လုံခြုံရေး ​အဖွဲ့ ​က ​အကူ အညီပေးခဲ့တယ်လို့သိရပါတယ်။
အင်ဒိုနီးရှား ​နိုင်ငံရဲ့ ​ရှာဖွေရေးနဲ့ကယ်ဆင်ရေး ​အေဂျင်စီ ​ဘာဆာနက်စ်က ​အခုကိစ္စကို ​ဆက်လက် ကိုယ်တွယ်သွားမယ်လို့သိရပါတယ်။

ABC Radio

No comments:

Post a Comment