![taunggu-july8](http://www.news-eleven.com/images/2013/July/taunggu-july8.jpg)
တောင်ငူမြို့နယ် ဆင်ကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမှုအား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စု
ကျေးရွာများတွင် စစ်တောင်းမြစ်
ကမ်းပါး ပြိုကျနေသဖြင့် လူနေအိမ်ခြေများ
ရွှေ့ပြောင်းနေရပြီး လယ်မြေများ ရေလွှမ်းမိုး နစ်မြုပ်ခြင်းမှ ကာကွယ်ရန်
တည်ဆောက်ထားသည့် ရေကာတမံကြီးမှာလည်း ကျိုးကျဖွယ် အခြေအနေ ရှိနေကြောင်း
ဒေသခံများထံမှ သိရှိရသည်။
"ဒီရက်ပိုင်းအတွင်း မိုးကဆက်တိုက် ရွာလိုက်တော့ ကမ်းပါးတွေ ရေနူးလာပြီး
ပြိုကျတာ တစ်ခါပြိုရင် ၁၅ ပေနဲ့ ပေ ၂၀ အထိ ပြိုကျတယ်။ အခု ကမ်းပါးပြိုလို့
အိမ်ရွှေ့ထားရတယ်။ ဒီတစ်ခါထပ်ပြို ရင် ရွှေ့ စရာနေရာ မရှိတော့ဘူး" ဟု ဇွန် ၂၆
ရက်က မြစ်ကမ်းပါးပြိုကျသဖြင့် အိမ်ရွှေ့ပြောင်းခဲ့ရသူ ဆင်ရွာ မှ ဒေါ်လှက
ပြောကြားသည်။ ထို့ပြင် အနောက်ဆင်ကျေးရွာအုပ်စု၊ ရွာတန်းရှည် ကျေးရွာအနီး
ယာယီကမ်းထိန်း ဖောင်များဖြင့် ကာကွယ်ထားသည့် စစ်တောင်းမြစ်ကမ်းပါး
ပြိုကျသည့် နေရာမှာလည်း မိုးများရွာသွန်းပြီးနောက် ကမ်းပါးပြိုကျမှု
ဆက်လက်ဖြစ်ပွားလျက်ရှိရာ သဖန်းပင်ကျေးရွာအုပ်စု၊ ကန်းရိုးကျေးရွာအုပ်စု၊
အနောက်ဆင်ကျေးရွာ အုပ်စုရှိ ရေကာတမံနှင့် ၁၅ ပေခန့် အကွာ သို့ ရောက် ရှိလာပြီး
ကမ်းပါးထပ်မံပြိုကျပါက တမံကျိုးကာ လယ်ဧကပေါင်း ၆,၀၀၀ ခန့် ရေ လွှမ်းမိုး
ပျက်စီးဆုံး ရှုံးမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ရွာသားများက
ဆက် လက်ပြောကြားခဲ့သည်။
လတ်တလော အခြေအနေတွင် စစ်တောင်းမြစ်ကမ်းပါးနှင့် ပေ ၅၀ အကွာရှိ
အိမ်ခြေများမှာ ကမ်းပါးပြို အန္တရာယ်နှင့် ဆက်လက်ကြုံတွေ့နိုင်သဖြင့်
ဆင်ရွာရှိ ဘုန်းကြီးကျောင်းသို့ ယာယီရွှေ့ပြောင်း နေရာ ချထားကြောင်း
သိရှိရသည်။
From...EMG
No comments:
Post a Comment