Friday, July 12, 2013

ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်နိုင်

စာအုပ်များရေးခြင်း၊ ပေးစာများရေးခြင်း စသဖြင့် ဦးနှောက်များကို အလုပ်ပေးခြင်းသည် အသက်ကြီးရင့် ချိန်တွင် ဦးနှောက်ကိုထိခိုက်မှု ကာကွယ်ရာ၌ အထောက်အကူပြုကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ တစ်သက်တာစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများက မှတ်မိဥာဏ်ကျဆင်းခြင်း ကို နှေးကွေးစေနိုင်
သည်ဟု အမေရိကန်သုတေသီတို့က ပြောကြားခဲ့ပြီး လေ့လာတွေ့ရှိချက်ကို Neurology စာစောင် တွင်ဖော်ပြခဲ့သည်။ ဦးနှောက်တစ်ရှုး ပျက်စီးမှုအန္တရာယ်ကိုလျှော့ချရန် အကောင်းဆုံးနည်းလမ်းသည် မျှတသောအာဟာရလေ့ကျင့်ခန်းလုပ်ခြင်းနှင့်ပိန်သွယ်အောင် ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း အယ်လ်ဇိုင်းမားဆိုင်ရာ အလှူပေးသည့် အဖွဲ့တစ်ဖွဲ့ ကပြောကြားခဲ့ကြောင်းသိရသည်။ ဘဝ တစ်လျှောက်လုံး ဦးနှောက်ကို အလေ့အကျင့်လုပ်ပေးခြင်းသည် အသက်အရွယ်ကြီးရင့်ချိန်တွင် အရေးကြီးကြောင်း လေ့လာမှုကိုဦးဆောင်သောChicago မြို့ရှိ Rush တက္ကသိုလ်၊ Medical Center မှ ဒေါက်တာရောဘတ်ဝီဆင်က ပြောကြားခဲ့ကြောင်း BBC သတင်းအရသိရသည်။

SKY NET

No comments:

Post a Comment