Friday, July 12, 2013

"ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

Photo: "ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း #Soulik ဝင်ရောက် တိုက်ခတ်ဖွယ်ရှိသဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ 

တိုင်ပေရှိ ရုံးနှင့် ကျောင်းများကို ပိတ်ထားပြီး အခြား မြို့ကြီး ၄ မြို့ရှိ ရုံးနှင့်ကျောင်းများကိုလည်း လာမည့် သောကြာနေ့ နှောင်းပိုင်းတွင် ပိတ်သွားရန် စီစဉ်သွားသည်။ ပြည်သူများအား ပင်လယ်ပြင်ထွက်ခြင်းနှင့် နေအိမ်ပြင်ပ သွားလာခြင်းများကို ရှောင်ရှားရန် အစိုးရက အကြံပြုထားသည်။ တိုင်ဖွန်းမုန်တိုင်းမှာ အင်အားအသင့်အတင့် အနေအထားဖြစ်သော်လည်း ပြည်သူများအနေဖြင့် မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးခြင်းတို့ကို ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ထိုင်ဝမ်မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် Soulik တိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှ ၂၉၂ မိုင်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုလျက်ရှိသည်။ မိုင်တိုင်းသည် ကမ်းတွင်းပိုင်းသို့ ထိုင်ဝမ်ဒေသစံတော်ချိန် ဇူလိုင် ၁၃ ရက်၊ စနေနေ့ နံနက် ၃း၀၀ ခန့််တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ 

ထိုင်ဝမ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက #Marakot တိုင်ဖွန်းမုန်တိုင်း Marakot ကြောင့် လူ ၆၀၀ ခန့် သေဆုံးခဲ့ပြီး ယင်တို့အနက် အများစုမှာ တောင်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

(ပုံတွင် ထိုင်ဝမ်းရှိ #Nanfang'ao ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေ၊ သင်္ဘောများကို တွေ့ရသည်။)

#Taiwan, #typhoon
#PlanetMyanmar
ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း ‪#‎Soulik‬ ဝင်ရောက် တိုက်ခတ်ဖွယ်ရှိ သဖြင့် ပြင်ဆင် မှုများ ဆောင်ရွက် လျက်ရှိသည်။ Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

တိုင်ပေရှိ ရုံးနှင့် ကျောင်းများကို ပိတ်ထားပြီး အခြား မြို့ကြီး ၄ မြို့ရှိ ရုံးနှင့်ကျောင်းများကိုလည်း လာမည့် သောကြာနေ့ နှောင်းပိုင်းတွင် ပိတ်သွားရန် စီစဉ်သွားသည်။ ပြည်သူများအား ပင်လယ်ပြင် ထွက်ခြင်းနှင့် နေအိမ်ပြင်ပ သွားလာခြင်းများကို ရှောင်ရှားရန် အစိုးရက အကြံပြုထားသည်။ တိုင်ဖွန်းမုန် တိုင်းမှာ အင်အားအသင့်အတင့် အနေအထားဖြစ်သော်လည်း ပြည်သူများအနေဖြင့် မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးခြင်းတို့ကို ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ထိုင်ဝမ်မိုးလေဝသဌာနက သတိပေး ချက် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် Soulik တိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှ ၂၉၂ မိုင်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုလျက်ရှိသည်။ မိုင်တိုင်းသည် ကမ်းတွင်းပိုင်းသို့ ထိုင်ဝမ်ဒေသ စံတော်ချိန် ဇူလိုင် ၁၃ ရက်၊ စနေနေ့ နံနက် ၃း၀၀ ခန့််တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

ထိုင်ဝမ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ‪#‎Marakot‬ တိုင်ဖွန်းမုန်တိုင်း Marakot ကြောင့် လူ ၆၀၀ ခန့် သေဆုံးခဲ့ပြီး ယင်တို့အနက် အများစု မှာ တောင် ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

(ပုံတွင် ထိုင်ဝမ်းရှိ ‪#‎Nanfang‬'ao ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေ၊ သင်္ဘောများ ကို တွေ့ရ သည်။)

‪#‎Taiwan‬, ‪#‎typhoon‬
‪#‎PlanetMyanmar‬

No comments:

Post a Comment