Tuesday, July 23, 2013

မန္တလေး တရားပွဲပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင်ဝီရသူမှ တရားဟောကြားနေစဉ် ပေါက်ကွဲမှုသည် လက်လုပ်ဗုံးပေါက်ကွဲမှုဟု မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ အစီရင်ခံတင်ပြစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာကို ဇူလိုင်လ ၂၂ ရက်တွင် တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြလိုက်ခြင်းဖြစ်သည်။ အစီရင် ခံစာ တွင် ပေါက်ကွဲမှုဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍ “သံကြွပ်စထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ် ဗုံးဟုယူဆရသော ပေါက်ကွဲစေတတ်သည့်ပစ္စည်းဖြင့် ပေါက်ကွဲမှုဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် တရားခံကို စုံစမ်းဆဲဟုလည်း အစီရင်ခံစာတွင်ဖော်ပြသည်။ ပေါက်ကွဲမှုသည် အရှင်ဝီရသူ တရားဟောရာနေရာနှင့် ကိုက် ၁၀ဝ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး၊ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦး တို့၏ ခြေထောက်များတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ ဒဏ်ရာရှိသူ ငါးဦးအနက် လေးဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည် ဟုလည်း ဖော်ပြထားသည်။

ဗုံးထောင်ခံထားရသည့်ကားမှာ နံပါတ် ၇က/၃၀၂၀ ဖြစ်ပြီး တိုယိုတာကိုရိုလာ အဖြူရောင်ဖြစ်သည်။ တရားပွဲကို ည ၇ နာရီတွင် စတင်ခဲ့ပြီး ၉ နာရီ ၁၅ မိနစ် တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရား ပွဲကို ယခုလ ၁၇ ရက်ကတည်းက ကျင်းပခြင်းဖြစ်ကာ ၂၁ ရက်ည တရား ပွဲသည် နောက်ဆုံး ည လည်းဖြစ်သည်။

  Mizzima - News in Burmese

1 comment:

  1. လူစွန့်စားအဖွဲ့ဝင်များသို့ သတိပေးချက်July 23, 2013 at 11:58 AM

    မွတ်စလင်များရဲ့..ငြိမ်းချမ်းရေးညီညွတ်ရေးဟာ..ဟန်ဆောင်တယ်ဆိုတာ
    ပေါ်လွင်ထင်ရှားပြီ စောင့်ကြည်စရာမလိုတော့ပါ..လုပ်ငန်းစမယ်..
    မက်ဆေ့ခ်ျ ဆက်သွယ်ပါ..သတ်မှတ်သင်္ကေတသုံးပါ..အသက်စွန့်မဲ့..နှစ်ဦး
    ဆင်ပြီးပြီ..မွတ်စလင်များစုစည်းတတ်သောနေရာများ..စတင်စနည်းနာပါ..
    ဟိန်ဒူတွေနှင့်မမှားပါစေနှင့်..မွတ်စလင် (၁၀)နှစ်နှင့် အောက်ကို ဘယ်အကြောင်းပြချက်နှင့် ရန်မပြုပါနှင့်..((ယောရုဝ))

    ReplyDelete