Friday, July 26, 2013

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။
အဆိုပါ စစ်တမ်းပါ အရေအတွက်သည် ဇူလိုင် ၂၃ ရက်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အရေအတွက်အောက် နှစ်ဦး လျော့နည်းနေကြောင်း သိရသည်။ ၎င်းတို့အနက် ၁၇၅၂ ဦးခန့်သည် အာဖဂန် နစ္စတန်နိုင်ငံ အတွင်း စစ်ဆင်ရေးများတွင် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး အနည်းဆုံး ၁၂၇ ဦးမှာ အာဖဂန် စစ်ဆင်ရေးများ အတွက် အထောက်အကူပြု ဆောင်ရွက်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အာဖဂန် နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်ဆင်ရေးများ စတင် ဆောင်ရွက်ချိန်မှ စ၍  အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၉ဝဝ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန် ကြေညာထားသည်။  

မြ၀တီ

No comments:

Post a Comment