Thursday, August 22, 2013

AIDS ထက်ကြောက်စရာပိုကောင်းတဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ့ရှိ

 
လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ တစ်မျိုးဖြစ်တဲ့ ဆီးပူ ညောင်းကျ ခေါ်တဲ့ ဂနိုးလီးယား ရောဂါ ပိုးဟာ အေအိုင်ဒီအက်စ်ထက် ပိုမိုဆိုးရွား နိုင်တယ်လို့ ပညာရှင်တွေက ဖော်ထုတ် လိုက်ပါတယ်။ အဲဒီ ဂနိုလီယား ပိုးဟာ H041 အမျိုးအစား ဖြစ်ပြီး ပဋိဇီဝဆေးကို ခံနိုင်ရည် ရှိတယ်လို့ ဟာဝိုင်ယီမှ ကျန်းမာရေး သုတေသီ တွေက ထုတ်ဖော် လိုက်ပါတယ်။ ဒီပိုး အမျိုးအစားကို ၂၀၁၁ ခုနှစ်က မေလ အတွင်းက အမျိုးသမီး တစ်ဦး ထံမှာလည်း တွေ့ရှိ ခဲ့ပါတယ်။ အခုချိန်မှာ ကယ်လီဖိုးနီးယားနဲ့ နော်ဝေး နိုင်ငံတွေမှာ ရောဂါးပိုး ပျံ့နှံ့နေပြီလို့ သိရပါတယ်။
အေအိုင်ဒီအက်စ် ရောဂါနဲ့ ဆက်စပ်ပြီး ကမ္ဘာ တစ်ဝန်းလုံးမှာ သေဆုံးသူ သန်း ၃၀ ရှိနေကြပေမယ့် အခုတွေ့ရှိတဲ့ ဂနိုးလီးယား ဘက်တီး ရီးယား အမျိုးအစားဟာ တိုက်ရိုက် ဒုက္ခပေး နိုင်တယ်လို့ ဆေး ပညာရှင် တွေက ဆိုပါတယ်။ ဒီရောဂါပိုးနဲ့ ထိတွေ့သူတွေဟာ ရက်အနည်းငယ် အတွင်း ခန္ဓာကိုယ် တစ် ကိုယ်လုံး ရောဂါပျံ့နှံ့ပြီး သေဆုံး နိုင်တယ်လို့ သိရပါတယ်။ ယခုထက် ထိတော့ HO41 ပိုးကြောင့် သေဆုံးခဲ့သူ မတွေ့သေးဘူးလို့ ဆိုပါတယ်။
ဂနိုးလီးယား ရောဂါပိုးဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ရောဂါရှိသူတွေမှာ လိင်အင်္ဂါမှာ အနာဖြစ်ပေါ်တာနဲ့ လိင်အင်္ဂါမှ အဖြူရည်ဆင်းတဲ့ လက္ခဏာတွေ ပြတတ် ပါတယ်။ ရောဂါမကုဘဲ ထားရင် တင်ပဆုံ အတွင်းတွင်း ရောင်းရမ်းမှု ဖြစ်တာ၊ မြုံတာ၊ နေရာလွဲပြီး သန္ဓေ တည်တာနဲ့ သွေးကြောမှ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ ရောဂါပျံ့နှံ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ယင်းရောဂါရဲ့ အနာရှိန်ကြောင့် HIV ပိုးကူးစက်ဖို့ ပိုမိုလွယ်ကူ သွားတယ်လို့ သိရပါတယ်။
ဂနိုးလီးယားရောဂါဟာ ၁၅ နှစ်နဲ့ ၂၄ နှစ်အရွယ်တွေမှာ အဖြစ်အများ ဆုံးပါ။ ပင်နီဆီနဲ့ အခြားသော ပဋိဇီဝ ဆေးတွေ ပေါ်ပေါက်လာတဲ့ အတွက် ဂနိုရောဂါကို ၁၉၄၀ ပြည့်နှစ်က စတင်ကုသ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်နှုန်းဟာ ၇၄ ရာခိုင်နှုန်းထိ မြင့်တက် လာတယ်လို့ သိရပါတယ်။ ဂနိုလီဂါကို ကုသနိုင်မယ့် အခုနောက်ဆုံးပေါ် ပဋိဇီဝဆေး Cephalosporin ဆေးဝါးဟာ HO41 အမျိုးအစားကို ထိရောက်စွာ ကုသမှု မရှိနိုင်တဲ့ အတွက် ရောဂါကို ထိရောက်.စွာ ကုသနိုင်မယ့် ဆေးဝါး ကို ဒေါ်လာ သန်းပေါင်း ၅၄ သန်းဟု အကုန်အကျခံကာ ရှာဖွေလေ့လာ နေတယ်လို့ သိရပါတယ်။
By Good Health

No comments:

Post a Comment