Thursday, August 22, 2013

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် BRT စနစ်အတွက် ယာဉ်မောင်းများကို လစာ လေးသိန်းခွဲနှင့် ယာဉ်နောက်လိုက်ကို နှစ်သိန်းနှစ်သောင်းငါးထောင်ပေးမည်

 
ရန်ကုန်မြို့ တွင်းပြေးဆွဲမည့် BRT (အမြန် သယ်ယူပို့ဆောင်ရေးစနစ်) တွင် ယာဉ်မောင်းများကို တစ် လလျှင် လစာ ကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။

လက်ရှိတွင် အဆိုပါယာဉ် လိုင်းမှ အမေရိကန်ဒေါ်လာခုနစ် မီလီယံခန့်ရင်းနှီးမြှုပ်နှံရန် နိုင်ငံ တော် သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြု ချက်များတင်ပြထားကြောင်း သိ ရသည်။
ဦးကျော်သီဟက ''ယာဉ် မောင်းတွေကို တစ်လကို ကျပ်လေး သိန်းခွဲ၊ ယာဉ်အကူကိုတော့ ကျပ် ၂၂၅၀၀၀ အထိ သတ်မှတ်ထား တယ်။ နောက်ပြီးစည်းကမ်းနဲ့ပတ် သက်လို့လဲ ဆုကြေးဒဏ်ကြေးတွေ နဲ့ သတ်မှတ်ထားပါတယ်။ ခန့်အပ်တဲ့နေရာမှာလဲ သတ်မှတ်အရည် အချင်းတွေပြည့်မီမှသာ အလုပ် ခန့်သွားမှာပါ''ဟု ပြောသည်။
ယင်းအပြင် အဆိုပါကုမ္ပဏီ မှ ဗဟိုထိန်းသိမ်းရေးစနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ခန့်၊ ယာဉ်ထိန်းဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှုဌာနအတွက် ကျပ် ၁၀၈သိန်း၊ သတ်မှတ်လမ်း ကြောင်းထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၂၀ဝခန့်၊ Station ၃၉ခု အတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ်ကုမ္ပဏီမှကုန်ကျမည့် ငွေကြေးများဖြစ်ကြောင်းနှင့် ကုမ္ပ ဏီ၏ ဝင်ငွေခွန်များကိုလည်း ပေး ဆောင်ထားပြီးဖြစ်ကြောင်း ယင်း ကရှင်းလင်းပြောသည်။
အဆိုပါယာဉ်လိုင်းယာဉ်အ စီးရေ ၈ဝဖြင့် ပြေးဆွဲရန် စီစဉ်ထား ပြီး ယင်းစနစ်ကျင့်သုံးရန် အသင့် တော်ဆုံးလမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော်အစိုးရမှ ချမှတ်ပေး ထားပြီး ယင်း လမ်းကြောင်းလေးခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းက ထပ်မံပြော သည်။
ယင်းကုမ္ပဏီ၏ လူမှုဆက် ဆံရေးအရာရှိ ဦးနေဝင်းက ''ယာဉ် စီးခကောက်ခံတဲ့ စမ်းသပ်ကာလ မှာBRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) မှတ်တိုင်တိုင်းမှာကို လက်မှတ်ရောင်းချတဲ့စနစ်နဲ့ စတင် ကျင့်သုံး မယ်။ ပြီးတော့ ဝန်ဆောင်ခ မပါတဲ့ ကတ်စနစ်ကိုလဲ ဒီစီမံကိန်း စတင်ပြီးချိန်မှာ ကျင့်သုံးဖို့လဲစီစဉ် ထားတယ်''ဟု ပြောသည်။
BRT (အမြန်သယ်ယူပို့ ဆောင်ရေးစနစ်)အား နိုင်ငံပေါင်း ၃၆နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄မြို့ တွင် အောင်မြင်စွာ ကျင့်သုံးနေပြီး BRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့် နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ်တစ်ဝက်တစ် ပြက်ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာ လှိုင်းယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ်ကားများကို ယာဉ်စီးခအနေဖြင့် ကျပ် ၄၀၀ သတ်မှတ် ထားကြောင်းသိ ရသည်။
၄၃ခရီးသည် တင်ယာဉ်လိုင်း မှ ယာဉ်မောင်းတစ်ဦးက ''လက်ရှိ မောင်းနေ တာကတော့ နေ့စဉ် အ ခေါက်ကြေးနဲ့မောင်းနေတယ်။ ဘယ်နှကြောင်း မောင်းနိုင် မလဲ။ မောင်းနိုင် သလောက် ယာဉ်မောင်း တွေအတွက်ရတယ်။ လစာနဲ့ကျ တော့ မပြောတတ်ဘူး။ ကိုက်ရင် တော့ မောင်းကြမှာပေါ့'' ဟု သုံး သပ်ပြောသည်။

By Yangon Media Group

No comments:

Post a Comment