“အထူးသဖြင့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့ လက်ရှိသုံးနေတာ ၊ အဲဒီအပေါ်မှာတော့
ကျနော်တို့က လက်ခံခြင်းမရှိဘူးပေါ့၊ ဒီမိုကရေစီမူနဲ့လည်း မကိုက်ဘူး၊
ဖက်ဒရယ်ပြည်ထောင်စုမူနဲ့လည်း မကိုက်ဘူး၊ ဒါကြောင့် လက်ရှိသုံးနေတဲ့
ဖွဲ့စည်းပုံကိုတော့ ကျနော်တို့လက်မခံဘူး၊ ဖက်ဒရယ်မူနဲ့ ကိုက်ညီတဲ့
ဖွဲ့စည်းပုံအသစ်တစောင်ရေးဆွဲဖို့  အားလုံးကတော့ သဘောတူသွားကြတာပေါ့။”
ပြည်ထောင်စုတပ်မကတော်ဖွဲ့စည်းဖို့အကြောင်းနဲ့ပတ်သက်ပြီး ဦးခွန်ဥက္ကာက အခုလိုရှင်းပြပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စု
တပ်မတော်ကိစ္စက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ကျနော်တို့ဖက် ဒီဖက်
ပြည်ထောင်စုနိုင်ငံတည်ထောင်ပြီးလို့ရှိရင် အဲ့ဒီနိုင်ငံတော်မှာ
ပြည်ထောင်စုတပ်က ကာကွယ်ရေး ကို တာဝန်တမ်းဆောင်ဖို့အတွက်
ဖယ်ဒရယ်ပြည်ထောင်စုတပ်ကို ထားရှိရမှာဖြစ်တယ်။ အဲ့ဒီဟာ ကိုတော့
ကျနော်တို့က ကြိုပြီးတော့ရှေ့ရေးအတွက် မူဝါဒတွေချတဲ့သဘောမျိုးနဲ့
ချထားတာရှိပါ တယ်။ ကျနော်တို့သဘောတူညီချက်ပဲ။”
ညီလာခံကသဘောတူညီအချက်တွေထဲမှာ ဗမာအမျိုးသားပြည်နယ် တနယ်ဖော်ဆောင်သွားရေး ဆိုတဲ့ အချ က်ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ ဦးခွန်ဥက္ကာက အခုလိုဆက်ပြောပါတယ်။
“အမျိုးသားတန်းတူရေးကို
သရုပ် ဖော်နိုင်တဲ့ ဗမာအမျိုးသားပြည်နယ် တနယ်ပေါ့၊ ဖော်ထုတ်ပြီးတော့
ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ပါဝင်သွား ဖို့ဆိုတဲ့
ဆုံးဖြတ်ချက်တရပ်ရတယ်ခင်ဗျ၊ ထူးခြားတဲ့ သမိုင်းဝင် ဆုံးဖြတ်ချ က်ဖြစ်ပါတယ်။”
ညီလာခံနဲ့ပတ်သက်ပြီး
UNFC အနေနဲ့ ဒီကနေ့ ချင်းမိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်သွား မယ်လို့ သိရပြီး အစိုးရနဲ့ UNFC အကြား
တွေ့ဆုံဆွေးနွေးဖို့ကိုတော့ လာမဲ့သြဂုတ်လ နောက်ဆုံးပတ်မှာ
တွေ့ ဆုံဆွေးနွေးဖို့ သဘောတူညီထားကြတယ်လို့ဦးခွန်ဥက္ကာ က
ပြောတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက
သတင်းပေးပို့ထားပါတယ်။
ABC Radio
၂၀၀၈ ဖွဲ့စည်းပုံမှာ အခြေခံ ဥပဒေ (လုံးဝ) အသစ် မဖွဲ့စည်းရလို့ မပါဘူး ထင်ပါတယ်။ ပြုပြင် ပြောင်းလဲရေး ပိုမို မြန်ဆန် ချင်ယင် (လုံးဝ) အသစ် ရေးလိုက်တော့ ပို မမြန်ပေဘူးလားဗျာ၊ အယင်ကလည်း သည်လိုပဲ ကဒီးကဒီး (လုံးဝ) အသစ် ရေးဆွဲ ခဲ့ကြတာမို့ပါ။
ReplyDelete