Friday, August 2, 2013

အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်မှတ်


Jamaat-e-Islami ပါတီကို တရားမဝင် ပါတီအဖြစ် တရားရုံးက သတ်မှတ် လိုက်ပြီးနောက် အောင်ပွဲခံ သူတချို့ (Credit: AFP) 
အစ္စလာမ်ဘာသာကို ​အဓိက​ကိုးကွယ်တဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​တရားရုံးကနေ ​အစ္စလာမ်ပါတီ တစ်ခုကို ​တရားမဝင်အဖြစ် ​သတ်မှတ်လိုက်တယ်လို့ ​သိရပါတယ်။
Jamaat-e-Islami ​ပါတီရဲ့ ​မူဝါဒတွေဟာ ​ဘာသာရေးနဲ့ ​ညှိစွန်းမှုမရှိတဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ​အခြေခံ ဖွဲ့စည်းပုံ ​အခြေခံဥပဒေနဲ့ ​မကိုက်ညီတဲ့အတွက် ​ဘာသာရေးနဲ့ ​သက်ဆိုင်တဲ့ ​မူဝါဒတွေပါဝင်တဲ့ ​ပါတီရဲ့ ​မူဝါဒကြောင့် ​တရားမဝင်ပါတီအဖြစ် ​သတ်မှတ်လိုက်ပြီး ​ပါတီအနေနဲ့ ​ရွေးကောက်ပွဲမှာ ​ဝင်ရောက် ယှဉ်ပြိုင်ခွင့် ​မရတော့ဘူးလို့ ​သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လာမယ့် ​ဇန်နာဝါရီလမှာ ​ရွေးကောက်ပွဲ ​ကျင်းပဖို့ ​ရှိနေပါတယ်။
Jamaat-e-Islami ​ပါတီအနေနဲ့ပါတီရဲ့ ​မူဝါဒကို ​ပြင်ဆင်မယ်ဆိုရင် ​ပါတီအနေနဲ့ ​ပြန်လည် ​မှတ်ပုံ တင်ပြီး ​နိုင်ငံရေးလုပ်ငန်းတွေ ​ဆက်လက် ​လုပ်ကိုင်ခွင့်ရရှိမယ်လို့လည်း ​ပါရှိပါတယ်။
မကြာသေးခင်ကပဲ ​Jamaat-e-Islami ​ပါတီခေါင်းဆောင်တွေ ​၁၉၇၁ ​ခုနှစ် ​စစ်အတွင်း ​လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ​လုပ်ခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်ကြောင့် ​တရားစွဲခံရပြီး ​အဲဒီထဲက ​၄ ​ဦးကတော့ ​လူအစု လိုက် ​အပြုံလိုက်သတ်ဖြတ်မှု၊ ​အဓမ္မပြုကျင့်မှုနဲ့ ​ဘာသာရေးနှိပ်ကွပ်မှုတွေ ​လုပ်ခဲ့တဲ့ အတွက် ​သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။
Jamaat-e-Islami ​ပါတီခေါင်းဆောင်တချို့ ​ဆက်လက် ​ရုံးတင်စစ်ဆေးခံနေရတဲ့အပေါ် ​ပါတီကို ​ထောက်ခံသူတွေက ​ဆန္ဒပြနေကြချိန်မှာပဲ ​ပါတီကို ​တရားမဝင်အဖြစ် ​သတ်မှတ်လိုက်တဲ့ အတွက် ​နိုင်ငံမှာ ​ပြဿနာဖြစ်လာနိုင်တယ်လို့လည်း ​သုံးသပ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ဘာသာရေး ​အစွန်းမရောက် ​သူတွေက ​Jamaat-e-Islami ​ပါတီကို ​တရားမဝင် ​သတ်မှတ်ပေးဖို့ ​တောင်းဆိုမှုတွေကို ​အရင်ကတည်းက ​ပြုလုပ်ခဲ့ပြီး ​အဲဒီပါတီဟာ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ​ပါကစ္စတန်နိုင်ငံကနေ ​ခွဲထွက်ဖို့ ​ကြိုးစားချိန်မှာ ​ကန့်ကွက်ခဲ့တဲ့ ​အဓိက ​ပါတီဖြစ်ကြောင်းလည်း ​သိရပါတယ်။

No comments:

Post a Comment