Friday, August 2, 2013

ဖက်ဒရယ် ဥပဒေသစ်ရေးဖို့နဲ့ တပ်မတော်ဖွဲ့ဖို့ တိုင်းရင်းသားတွေ သဘောတူ

ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ
၂၀၁၂ခုနှစ်က တွေ့ရတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား တခု (Credit: ABC) 
ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​လေးရက်ကြာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​တိုင်းရင်းသားညီလာခံကနေ​ဖက်ဒရယ်ပြည်ထောင်စုနဲ့ ​ကိုက်ညီတဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲသွားဖို့နဲ့​ဖက်ဒရယ်ပြည်ထောင် စု ​တပ်မတော် ဖွဲ့စည်းဖို့ ​အပါအ၀င် ​သဘောတူညီချက် ​၁၀ ​ချက်ရရှိခဲ့တယ်လို့ ​သိရပါတယ်။
ဇူလိုင်လ ​၂၉ရက်နေ့ကနေ ​သြဂုတ်လ ​၁ ​ရက်နေ့အထိ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​ညီလာခံနဲ့အတွင်း ​ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို ​အဓိကထားဆွေးနွေးခဲ့ကြပြီးတော့ ​တိုင်းရင်းသားတွေရဲ့ ​အနာဂတ်၊ ​အပစ်အခတ်ရပ်စဲရေး၊ ​ငြိမ်းချမ်းရေးနဲ့ ​နိုင်ငံရေးအရတွေ့ဆုံ ​ဆွေးနွေးမှုတွေ ​ဘယ်လိုဆက်လက် ​လုပ်ဆောင်သွားမလဲဆိုကိုလည်း ​ဆွေးနွေးခဲ့ကြတယ်လို့ ​ညီလာခံကို ​ဦးဆောင်ကျင်းပတဲ့ ​ညီညွှတ်သော တိုင်းရင်းသား ​လူမျိုးများဖက်ဒရယ်ကောင်စီ ​UNFC ​က ​ပြောရေးဆိုခွင့်ရှိသူ ​ဗိုလ်မှူးကြီး ​ဦးခွန်ဥက္ကာက ​အခုလိုပြောပါတယ်။
“အထူးသဖြင့် ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့ ​လက်ရှိသုံးနေတာ ​၊ ​အဲဒီအပေါ်မှာတော့ ​ကျနော်တို့က ​လက်ခံခြင်းမရှိဘူးပေါ့၊ ​ဒီမိုကရေစီမူနဲ့လည်း ​မကိုက်ဘူး၊ ​ဖက်ဒရယ်ပြည်ထောင်စုမူနဲ့လည်း ​မကိုက်ဘူး၊ ​ဒါကြောင့် ​လက်ရှိသုံးနေတဲ့ ​ဖွဲ့စည်းပုံကိုတော့ ​ကျနော်တို့လက်မခံဘူး၊ ​ဖက်ဒရယ်မူနဲ့ ​ကိုက်ညီတဲ့ ​ဖွဲ့စည်းပုံအသစ်တစောင်ရေးဆွဲဖို့ ​အားလုံးကတော့ ​သဘောတူသွားကြတာပေါ့။”
ပြည်ထောင်စုတပ်မကတော်ဖွဲ့စည်းဖို့အကြောင်းနဲ့ပတ်သက်ပြီး ​ဦးခွန်ဥက္ကာက ​အခုလိုရှင်းပြပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စု ​တပ်မတော်ကိစ္စက ​နှစ်ပိုင်းရှိပါတယ်။ ​တစ်ပိုင်းက ​ကျနော်တို့ဖက် ​ဒီဖက် ​ပြည်ထောင်စုနိုင်ငံတည်ထောင်ပြီးလို့ရှိရင် ​အဲ့ဒီနိုင်ငံတော်မှာ ​ပြည်ထောင်စုတပ်က ​ကာကွယ်ရေး ကို ​တာဝန်တမ်းဆောင်ဖို့အတွက် ​ဖယ်ဒရယ်ပြည်ထောင်စုတပ်ကို ​ထားရှိရမှာဖြစ်တယ်။ ​အဲ့ဒီဟာ ကိုတော့ ​ကျနော်တို့က ​ကြိုပြီးတော့ရှေ့ရေးအတွက် ​မူဝါဒတွေချတဲ့သဘောမျိုးနဲ့ ​ချထားတာရှိပါ တယ်။ ​ကျနော်တို့သဘောတူညီချက်ပဲ။”
ညီလာခံကသဘောတူညီအချက်တွေထဲမှာ ​ဗမာအမျိုးသားပြည်နယ် ​တနယ်ဖော်ဆောင်သွားရေး ​ဆိုတဲ့ ​အချက်ကိုလည်း ​သဘောတူညီခဲ့ကြတယ်လို့ ​ဦးခွန်ဥက္ကာက ​အခုလိုဆက်ပြောပါတယ်။
“အမျိုးသားတန်းတူရေးကို ​သရုပ် ​ဖော်နိုင်တဲ့ ​ဗမာအမျိုးသားပြည်နယ် ​တနယ်ပေါ့၊ ​ဖော်ထုတ်ပြီးတော့ ​ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ​ပါဝင်သွား ​ဖို့ဆိုတဲ့ ​ဆုံးဖြတ်ချက်တရပ်ရတယ်ခင်ဗျ၊ ​ထူးခြားတဲ့ ​သမိုင်းဝင် ​ဆုံးဖြတ်ချက်ဖြစ်ပါတယ်။”
ညီလာခံနဲ့ပတ်သက်ပြီး ​UNFC ​အနေနဲ့ ​ဒီကနေ့ ​ချင်းမိုင်မြို့မှာ ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်သွား ​မယ်လို့ ​သိရပြီး ​အစိုးရနဲ့ ​UNFC ​အကြား ​တွေ့ဆုံဆွေးနွေးဖို့ကိုတော့ ​လာမဲ့သြဂုတ်လ ​နောက်ဆုံးပတ်မှာ ​တွေ့ ဆုံဆွေးနွေးဖို့ ​သဘောတူညီထားကြတယ်လို့​ဦးခွန်ဥက္ကာ က ​ပြောတဲ့ အကြောင်း ​ရေဒီယိုသြစတြေးလျ သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio

1 comment:

  1. ၂၀၀၈ ဖွဲ့စည်းပုံမှာ အခြေခံ ဥပဒေ (လုံးဝ) အသစ် မဖွဲ့စည်းရလို့ မပါဘူး ထင်ပါတယ်။ ပြုပြင် ပြောင်းလဲရေး ပိုမို မြန်ဆန် ချင်ယင် (လုံးဝ) အသစ် ရေးလိုက်တော့ ပို မမြန်ပေဘူးလားဗျာ၊ အယင်ကလည်း သည်လိုပဲ ကဒီးကဒီး (လုံးဝ) အသစ် ရေးဆွဲ ခဲ့ကြတာမို့ပါ။

    ReplyDelete