Monday, August 19, 2013

ဆေးတက္ကသိုလ်တွင် သမီးဖြစ်သူ ပညာသင်ယူခွင့် ရရှိစေရန် သေစာရင်း အတု ပြုလုပ်ခဲ့သူ အိန္ဒိယ ရဲတပ်ဖွဲ့ဝင် တစ်ဦး လိမ်လည်မှုဖြင့် တရားစွဲဆိုခံရ

အိန္ဒိယနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟူ၍ လိမ်လည်ကာ သမီးဖြစ်သူကို နိုင်ငံတွင်းရှိ ဆေးတက္ကသိုလ် တစ်ခုတွင် ပညာ သင်ယူခွင့် ရရှိစေ ခဲ့ခြင်းကြောင့်ယခု အချိန်တွင် တရားမဝင် ဟန်ဆောင်ခဲ့သည်ဟူသော စွဲချက်နှင့် တရားစွဲဆို ခံထား ရသည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အိန္ဒိယအစိုးရ၏ ချမှတ်ထားသော မူဝါဒအရ အိန္ဒိယ နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ အတွင်း  တိုက်ပွဲဝင်စဉ်  ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏  သားသမီးများကို နိုင်ငံအတွင်းရှိ ပညာရေး တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ပေးလေ့ရှိသည်။ ရာဂျစ်ဆင်းဟန်ဒယ်လ် အမည်ရှိ အဆိုပါ ရဲ တပ်ဖွဲ့ဝင်၏ သမီးဖြစ်သူမှာလည်း အစိုးရ၏ မူဝါဒအရ ဖခင် သေဆုံးပြီးနောက်တွင် ပန်ဂျက်ဘ်ပြည်နယ် အတွင်းရှိ Baba Forid ဆေးတက္ကသိုလ်တွင် ပညာသင်ယူခွင့် ရရှိခဲ့သည်ဟု သိရသည်။
သို့ရာတွင် တက္ကသိုလ် အစည်းအဝေး တစ်ခု၌ သမီးဖြစ်သူ ဆုခ်မာနီသည် ဖခင်ဖြစ်သူ ၏ သေ စာရင်း ပြသခဲ့ပြီး နောက်  ၎င်း၏ သေစာရင်းမှာ အတုအယောင်ဖြစ်ကြောင်းကို တက္ကသိုလ်မှ တာဝန်ရှိသူ များက တွေ့ရှိ ခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ရာဂျစ်ဆင်းဟန်ဒယ်လ်၏ လိမ်လည်မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပန်ဂျက်ဘ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အမိန့် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရာဂျစ်သည် မကြာသေး မီ ကာလအတွင်းက ၎င်း၏ စွမ်းဆောင်ရည်ကြောင့် အိန္ဒိယ သမ္မတ ပေးအပ်ချီးမြှင့်သော ရဲတပ်ဖွဲ့ ထူးချွန်ဆု ကို ရရှိခဲ့သူ ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment