Monday, August 19, 2013

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ

ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်
ကြုံခေါင့်ကြုံခဲလှသည့် ဦးနှောက်ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခြင်းခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။
မာချရီရေနာ အမည်ရှိ အဆိုပါ အမျိုး သားငယ်လေးသည် ၎င်း၏ သူငယ်ချင်းများနှင့် အတူ ရေပက် ကစား နေစဉ် ယင်းပိုးသည် ၎င်း၏နှာခေါင်းမှတစ်ဆင့် ဦးနှောက်အတွင်းသို့ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်ဟု  ယူဆ ရကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ပိုးသည် ရေကန်၊ ရေအိုင်နှင့် တူးမြောင်းကဲ့သို့ ရေ၊ မြေကြီးနှင့် စိုစွတ်သော နေရာ များတွင် နေထိုင် ကျက်စားလေ့ရှိပြီး ၎င်းပိုး ကူးစက်ခံရပါက ၎င်းပိုးသည် ဦးနှောက် တစ်သျှူးများကို တဖြည်းဖြည်း ဝါးမျို ဖျက်ဆီး တတ်သောကြောင့် အသက် ဆုံးရှုံးနိုင်ခြေ ၉၈ ရာခိုင်နှုန်း ရှိကြောင်း၊ ၎င်းရောဂါပိုးကို antifungal ဆေးဝါးဖြင့် ကုသနိုင်သော်လည်း အောင်မြင်မှုနှုန်းမှာ အလွန် နည်းပါးကြောင်း၊ ယနေ့ထိ ၎င်း ရောဂါပိုး ကူးစက်ခံရသူ နှစ်ဦး သို့မဟုတ် သုံးဦး သာလျှင် ပြန် လည် ကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်း သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။

မြ၀တီ

No comments:

Post a Comment