Friday, August 16, 2013

ထိုင်းနိုင်ငံ၌ ဖမ်းဆီးထားသည့် ဘင်္ဂါလီများအရေး မြန်မာနှင့် ထိုင်း ဆွေးနွေး

8.1.1
မလေးရှား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဘရူနိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့အား ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
လှေဖြင့်ခိုးဝင် လာသောကြောင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဗီချက်ချိုင်ကူက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သြဂုတ် ၁၄ ရက်က ထိုင်းနိုင်ငံ ဟွာဟင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီလူမျိုး ၁၇၀၀ ကျော်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေလမ်းကြောင်းမှ ခိုးဝင်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ စတင်ဖမ်းမိစဉ်က ၂၀၀၀ ခန့် ရှိခဲ့သော်လည်း ၃၀၀ ခန့်သည် ၎င်းတို့အား ဖမ်းဆီးထားခဲ့သည့် အချုပ်ခန်းများ အတွင်းမှ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။
''ကျွန်တော်တို့ အနေနဲ့ ဘင်္ဂါလီတွေကို ခြောက်လ စောင့်ရှောက်ထားခဲ့ ပြီးပါပြီ။ သူတို့ကို ဘယ်လို ဆက်ပြီး ဆောင်ရွက်ရမယ်ဆိုတာ နည်းလမ်းရှာနေပါတယ်'' ဟု ဆူရာပွန်က သတင်းထောက် များကို ပြောကြားသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လူဝင်မှု ကြီးကြပ်ရေး အကျဉ်းစခန်းများ၌ ဖမ်းဆီးထားသည့် ဘင်္ဂါလီ များကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အကျဉ်းစခန်းများသို့ ရွှေ့ပြောင်းထားရန် လူမှုဖွံ့ ဖြိုးရေးနှင့် လူသားလုံခြုံရေး ၀န်ကြီးဌာနက အဆိုပြု ထားကြောင်း သိရသည်။
ဦးဝဏ္ဏမောင်လွင်နှင့် ဆူရာပွန်တို့ ဆွေးနွေးခဲ့ရာတွင် အဆိုပါ ဘင်္ဂါလီများအား တတိယ နိုင်ငံများသို့ ပို့ဆောင်နိုင်ရေးလည်း ပါဝင်ကြောင်း သိရသည်။ ထိုင်းအစိုးရ အနေဖြင့် ဖမ်းဆီးထားသော ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဆွေးနွေးနေကြောင်း ဆူရာပွန်က ပြောကြားသည်။
ထောင်ပေါင်းများစွာသော ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နယ်စပ် စခန်းများရှိ ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် နေရာများမှ ပြည်ပနိုင်ငံများသို့ ခိုးထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဘင်္ဂါလီများကို ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးသော်လည်း ၎င်းတို့သည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို ကွဲကွဲပြားပြား မဖော်ပြနိုင်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီများ အရေးကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သို့ အစီရင် ခံစာ ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။
Ref:The Nation

Eleven Media Group

No comments:

Post a Comment