Friday, August 23, 2013

မြန်မာ့နိုင်ငံရေး အလားအလာ

Photo: မြန်မာ့နိုင်ငံရေးအလားအလာ

Friday, 23 August 2013

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို ခြုံကြည့်လျင် အာဏာ(၃)ရပ် ခွဲဝေကျင့်သုံးမှု အပြန်အလှန် ထိန်းကျောင်း ခိုင်မာမှုများ အတော်အသင့်အားကောင်းလာသလို ဈေးကွက်စီးပွားရေးစနစ်အား ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အစပျိုးလျက်ရှိပြီး ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက်လည်း ကြိုးပမ်းလုပ်ဆောင် လာလျက်ရှိပါသည်။ ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍လည်း နိုင်ငံတကာမှ အသိ အမှတ်ပြုထောက်ခံလာနေတာကို တွေ့ရပါသည်။ သို့သော် မြန်မာဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးအကြပ်အတည်းများကို တွေးထင်မိသမျှ ရေးသားလိုက်ရပါတယ်။

ယခုအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်လာလျက် ရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှလည်း ၎င်းတို့၏ တောင်းဆိုချက်များကို ပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြသည်ကိုလည်း တွေ့လာ ရပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် UNFC အနေဖြင့် အစည်းအဝေး များပြုလုပ်ပြီး ၎င်းတို့အဖွဲ့၏ ပြောခွင့်ရသူဖြစ်သည့် ဗဒိုဒေးဗစ်သာကပေါမှ နေ၍ FUA (Federal Union Army) တစ်ရပ်ကိုဖွဲ့စည်းဖို့နဲ့ အနိမ့်ဆုံးစာရွက်ပေါ်မှာ စုဖွဲ့မှုပုံစံမျိုး မှတ်တမ်းတင်နိုင်အောင်လုပ်ပြီး မြေပြင်မှာ အမှန်တကယ် စုဖွဲ့ပေါင်းစပ်နိုင်တာမျိုးတွေလုပ်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောကြားတာကို တွေ့လိုက်ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအနေဖြင့် ၎င်းတို့ စိုးမိုးရာ ဒေသများတွင် လူ၊ လက်နက်စုဆောင်းခြင်းများအား တိုးမြှင့်လုပ်ဆောင်ခြင်းကိုကြည့်ခြင်းအားဖြင့် အစိုးရကို ယုံကြည်မှုမရှိသေးကြောင်း သုံးသပ်နိုင်ပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ အင်အား တောင့်တင်းရန် အဓိကလိုအပ်ချက်သည် ငွေကြေးဓနရှိဖို့လိုပါသည်။ ငွေကြေးတောင့်တင်းရန်အတွက် ၎င်းအဖွဲ့အစည်း အသီးသီးအနေဖြင့် မူးယစ်ဆေးဝါးကိုသာ အဓိကဦးတည် ဆောင်ရွက်လာမည်ဖြစ်သဖြင့် ထာဝရ ငြိမ်းချမ်းရေးမရသ၍ မူးယစ်ဆေးဝါးချုပ်ငြိမ်းဖို့ဆိုတာ ရေပေါ်အရုပ်ရေးသကဲ့သို့သာ ရှိပေမည်။ သီရိလင်္ကာ အစိုးရအနေဖြင့် တမီးလ် ကျားသူပုန်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ သီရိလင်္ကာတပ်မတော် အနေဖြင့် တမီးလ်သူပုန်များအား ၎င်းတို့တပ်မတော်အတွင်း ပေးမ၀င်နိုင်ကြောင်း၊ ၎င်းတို့တပ်မတော်မှာ Conventional Warfare အား စစ်ဆင်နိုင်ရန် လေ့ကျင့်ထားသည့် တပ်မတော်ဖြစ်သဖြင့် သူပုန်များ တတ်ကျွမ်းသည့်စစ်ပညာနှင့် ၎င်းတို့စစ်တပ်ထဲ ပေးမ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်မှ ပြောဆို ဆောင်ရွက်ဖူးပါသည်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ (FUA) ဖွဲ့ဖို့ လက်မခံပါက တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပေမည်။ တိုင်းရင်းသားလက်နက်ကိုင်များ ဘက်မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ စီစဉ်ပေးနိုင်မှ သာလျင် ငြိမ်းချမ်းရေးအား စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် အစိုးရ နှစ်ဖက်ဆောင်ရွက်မည့် အစီအစဉ်များ သဘောတူညီသည်ထားဦး၊ လက်အောက်ငယ်သားများ၏ ရေရှည်ရပ်တည်နိုင်မည့် စားဝတ်နေရေး မဖန်တီးနိုင်ပါက ဦးခွန်ဆာ လက်နက်ချအလင်းဝင်ရောက်ခဲ့သော်လည်း ၎င်းအောက်မှ ဦးရွက်ဆစ် ခွဲထွက်ပြီး ဆောင်ရွက်သကဲ့သို့ ဖြစ်နေပေမည်။ အစိုးရဘက်မှလည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ၏ စာဝတ်နေရေး အဆင်ပြေအောင်ဖန်တီးနိုင်မှု၊ အစီအစဉ်မရှိပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိနေပေမည်ဟု သုံးသပ်ရပါသည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီအချင်းချင်း အပြိုင်မဲဆွယ်ကြမှာဖြစ်သလို ရွေးကောက်ပွဲအပြီး သမ္မတလုပ်ချင်တယ်လို့ ထုတ်ဖော်ကြေငြာတဲ့သူများလည်း ရှိပါတယ်။ မထုတ်ဖော်ဘဲ ကြိတ်ပြီး ကြံစည်နေမည့်သူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူတွေရဲ့ သဘောသဘာဝအရ ကိုယ့် အတ္တကိုယ် ရှေ့တန်းတင်လာကြသည်ဖြစ်သည့်အတွက် ပါတီအတွင်းမှာပါ အားပြိုင်မှုတွေရှိလာနိုင်ပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအတွင်းမှာဆို အားပြိုင်မှုတွေရှိတာကို တွေ့ရပါတယ်။ လွှတ်တော်နဲ့ သမ္မတအစိုးရအားပြိုင်တာတွေ တွေ့နေရပါပြီ။ လူဆိုတဲ့သဘာဝအရ အတ္တနဲ့မာနကိုပဲ ရှေ့တန်းတင်နေတာပါ။ ဂူတစ်ဂူထဲ ခြေင်္သေ့နှစ်ကောင်မအောင်းပါဘူး။ ဒါတွေကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ အလားတူ ပါတီကြီးဖြစ်သည့် NLD ပါတီအနေနဲ့ ကတော့ သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပေးခဲ့သော် ဒေါ်စုကြည်အနေနဲ့ မြန်မာနိုင်ငံအကျိုး အတွက် သည်းခံပေးပြီး ရွေးကောက်ပွဲဝင်ကာ ကျရာတာဝန်ထမ်းဆောင်နိုင်ပါ့မလား။ သူမအရည် အချင်းအရဆိုလျင်တော့ သမ္မတလုပ်နိုင်တဲ့အရည်အသွေေးတွရှိနေပါတယ်။ ဒါပေမယ့် NLD ပါတီဝင် တွေထဲမှာတော့ အုပ်ချုပ်ရေးနယ်ပယ်၊ စီမံခန့်ခွဲရေးနယ်ပယ်မှာတော့ အတွေ့အကြုံအရ လုပ်နိုင်တဲ့သူ မရှိ ပါဘူး။ မဖြစ်မနေကြံ့ခိုင်ရေးနဲ့ပေါင်းကိုပေါင်းရနိုင်ပါတယ်။

အာဏာခွဲဝေယူတဲ့အခါမှာ အဝေမတည့် ခဲ့သည်ရှိသော်ကတစ်ချက်၊ နောင်လာမည့် အစိုးရအနေဖြင့်တပ်မတော်အပေါ် သြဇာမညောင်းခဲ့သော် မြန်မာနိုင်ငံရေးပြဿနာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒေါ်စုသည်လည်း သမ္မတလုပ်ချင်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလာတာ တွေ့ရပါတယ်။ ရိုးသားမှုဂုဏ်ကိုလိုချင်လို့ ထုတ်ပြောတာဆိုရင် အတိုင်း အထက်အလွန် လေးစားသွားမိမှာပါ။ ဒါမှမဟုတ် ဒေါ်စုအနေဖြင့် သမ္မတလုပ်ချင်လွန်းလို့ ဖွင့်ဟကြေငြာ ပြီးတာတောင်မှ သမ္မတလုပ်နိုင်တဲ့အရည်အချင်းကလည်းရှိ၊ ထောက်ခံမဲ့ပြည် သူကလည်းရှိရဲ့သားနဲ့ သမ္မတ မဖြစ်ခဲ့ရဘူးဆိုရင် ဒေါ်စုလည်းသာမာန်ပုထုစဉ်လူသားပါပဲ။ ဒီအခါမှာ အစိုးရနဲ့ ထိပ်တိုက်တွေ့မဲ့ လမ်းစဉ် တွေ ဆောင်ရွက်လာမှာပါပဲ။ အဲဒီအခါဆိုရင်တော့ ၈၈ ခုနှစ်က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုကာလသည် ၈၈ ကခေတ်နဲ့ မတူတော့ပါဘူး။ ဒေါ်စု သမ္မတဖြစ်ချင်တဲ့ ဆန္ဒအတော်ပြင်းထန်နေတာကိုတွေ့နိုင်တဲ့ သာဓကအနေနဲ့ကတော့ ရခိုင်-ဘင်္ဂါလီအရေးကိစ္စတွေမှာ နိုင်ငံတကာက ထောက်ခံမှုမရမှာစိုးတဲ့အတွက် ဘင်္ဂါလီဘက် လိုက်ပေးခဲ့ရတာရှိသလို လက်ပံတောင်းတောင်စီမံကိန်းတွင်လည်း တပ်မတော်ထောက်ခံမှု ရရှိဖို့အတွက်ရပ်တည်ပေးခဲ့ရတဲ့အပြင် လွှတ်တော်တွင်းမှာလည်း လွှတ်တော်ဥက္ကဌနဲ့ရင်းနှီးတဲ့ ဆက်ဆံရေး တွေနဲ့ တည်ဆောက်လာတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်စုသမ္မတ မဖြစ် ခဲ့သော် မုန်ယိုနေတဲ့ တောဆင်ရိုင်းဖြစ်မှာ စိုးပါတယ်။

တိုင်းရင်းသားပါတီများအနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သယံဇာတတွေကို ဒေသခံ တွေပါ ခွဲဝေပေးဖို့တောင်းဆိုလာသလို ဖက်ဒရယ်အုပ်ချုပ်ရေးကို ပီပီပြင်ပြင်ဖြစ်စေဖို့ တောင်းဆိုနေတာတွေ လည်းတွေ့နေရပါတယ်။

တိုင်းရင်းသားဒေသရှိ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရကို ဗဟိုချုပ်ကိုင်မှုတွေ လျော့ပေးဖို့ကိုလည်း ပြောဆိုလာတာတွေကြည့်ပါက ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့် ဒေသတွေမှာ ကိုယ်အနိုင်ရဖို့ မှန်းပြီးလုပ်ဆောင်နေပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ ၎င်းတို့ ကိုယ်တိုင် အုပ်ချုပ်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲချင်တဲ့ သဘောဖြစ်လာပါတယ်။ အဲဒီအချိန်အခါမှာ တိုင်းရင်းသားဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းစဉ်တွေဟာလည်း ပြီးဆုံးမှာ မဟုတ်သေးတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်နယ်အစိုးရတွေရဲ့ သယံဇာတခွဲဝေမှုတွေအကြားမှာ ပြဿနာတွေ တက်လာနိုင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက် တခြားနိုင်ငံ များမှာကဲ့သို့ အပြောင်းအလဲလိုလားသည့် ခေါင်းဆောင်တစ်ဦးမှ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ယုံနဲ့ မြန်မာနိုင်ငံမှာ လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ပြုပြင်းပြောင်းလဲလိုသည့် သမ္မတ၊ တပ်မတော် ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များပါဝင်မှသာလျင် မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုအား ညင်ညင်သာသာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

We Love True
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို ခြုံကြည့်လျင် အာဏာ(၃)ရပ် ခွဲဝေကျင့်သုံးမှု အပြန်အလှန်
ထိန်းကျောင်း ခိုင်မာမှုများ အတော်အသင့်အားကောင်းလာသလို ဈေးကွက်စီးပွားရေးစနစ်အား ပီပြင် စွာ ဆောင်ရွက်နိုင်ရန် အစပျိုးလျက်ရှိပြီး ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက်လည်း ကြိုးပမ်း လုပ်ဆောင် လာလျက်ရှိပါသည်။ ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လည်း နိုင်ငံ တကာမှ အသိအမှတ်ပြုထောက်ခံလာနေတာကို တွေ့ရပါသည်။ သို့သော် မြန်မာဒီမို ကရေစီစနစ်ကို ပီပြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးအကြပ်အတည်း များကို တွေးထင်မိသမျှ ရေးသားလိုက်ရပါတယ်။

ယခုအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်လာလျက် ရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များမှလည်း ၎င်းတို့၏ တောင်းဆိုချက်များကို ပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြသည် ကိုလည်း တွေ့လာ ရပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် UNFC အနေဖြင့် အစည်းအဝေး များပြုလုပ်ပြီး ၎င်းတို့အဖွဲ့၏ ပြောခွင့်ရသူဖြစ်သည့် ဗဒိုဒေးဗစ်သာကပေါမှ နေ၍ FUA (Federal Union Army) တစ်ရပ်ကိုဖွဲ့စည်းဖို့နဲ့ အနိမ့်ဆုံးစာရွက်ပေါ်မှာ စုဖွဲ့မှုပုံစံမျိုး မှတ်တမ်းတင်နိုင်အောင်လုပ်ပြီး မြေပြင်မှာ အမှန်တကယ် စုဖွဲ့ပေါင်းစပ်နိုင်တာမျိုးတွေလုပ်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောကြားတာကို တွေ့လိုက်ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအနေဖြင့် ၎င်းတို့ စိုးမိုးရာ ဒေသများတွင် လူ၊ လက်နက်စုဆောင်းခြင်းများအား တိုးမြှင့်လုပ်ဆောင်ခြင်းကိုကြည့်ခြင်းအားဖြင့် အစိုးရကို ယုံကြည်မှုမရှိသေးကြောင်း သုံးသပ်နိုင်ပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ အင်အား တောင့်တင်းရန် အဓိကလိုအပ်ချက်သည် ငွေကြေးဓနရှိဖို့ လိုပါသည်။ ငွေကြေးတောင့်တင်းရန်အတွက် ၎င်းအဖွဲ့အစည်း အသီးသီးအနေဖြင့် မူးယစ်ဆေးဝါးကိုသာ အဓိကဦးတည် ဆောင်ရွက်လာမည်ဖြစ်သဖြင့် ထာဝရ ငြိမ်းချမ်းရေးမရသ၍ မူးယစ်ဆေးဝါးချုပ်ငြိမ်းဖို့ ဆိုတာ ရေပေါ်အရုပ်ရေးသကဲ့သို့သာ ရှိပေမည်။ သီရိလင်္ကာ အစိုးရအနေဖြင့် တမီးလ် ကျားသူပုန်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ သီရိလင်္ကာတပ်မတော် အနေဖြင့် တမီးလ်သူပုန် များအား ၎င်းတို့တပ်မတော်အတွင်း ပေးမ၀င်နိုင်ကြောင်း၊ ၎င်းတို့တပ်မတော်မှာ Conventional Warfare အား စစ်ဆင်နိုင်ရန် လေ့ကျင့်ထားသည့် တပ်မတော်ဖြစ်သဖြင့် သူပုန်များ တတ်ကျွမ်းသည့်စစ်ပညာနှင့် ၎င်းတို့စစ်တပ်ထဲ ပေးမ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်မှ ပြောဆို ဆောင်ရွက်ဖူးပါသည်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ (FUA) ဖွဲ့ဖို့ လက်မခံပါက တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပေမည်။ တိုင်းရင်းသားလက်နက်ကိုင်များ ဘက်မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှစီစဉ်ပေးနိုင်မှ သာလျင် ငြိမ်းချမ်းရေး အား စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် အစိုးရ နှစ်ဖက်ဆောင်ရွက်မည့် အစီအစဉ်များ သဘော တူညီသည်ထားဦး၊ လက်အောက်ငယ်သားများ၏ ရေရှည်ရပ်တည်နိုင်မည့် စားဝတ်နေရေး မဖန်တီးနိုင်ပါက ဦးခွန်ဆာ လက်နက်ချအလင်းဝင်ရောက်ခဲ့သော်လည်း ၎င်းအောက်မှ ဦးရွက်ဆစ် ခွဲထွက်ပြီး ဆောင်ရွက်သကဲ့သို့ ဖြစ်နေပေမည်။ အစိုးရဘက်မှလည်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ၏ စာဝတ်နေရေး အဆင်ပြေအောင်ဖန်တီးနိုင်မှု၊ အစီအစဉ်မရှိပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိနေပေမည်ဟု သုံးသပ်ရပါသည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီအချင်းချင်း အပြိုင်မဲဆွယ်ကြမှာဖြစ်သလို ရွေးကောက်ပွဲ အပြီး သမ္မတလုပ်ချင်တယ်လို့ ထုတ်ဖော်ကြေငြာတဲ့သူများလည်း ရှိပါတယ်။ မထုတ်ဖော်ဘဲ ကြိတ်ပြီး ကြံစည်နေမည့်သူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူတွေရဲ့ သဘောသဘာဝအရ ကိုယ့် အတ္တကိုယ် ရှေ့တန်းတင်လာကြသည်ဖြစ်သည့်အတွက် ပါတီအတွင်းမှာပါ အားပြိုင်မှုတွေရှိလာနိုင် ပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအတွင်းမှာဆို အားပြိုင်မှုတွေရှိတာကို တွေ့ရ ပါတယ်။ လွှတ်တော်နဲ့ သမ္မတအစိုးရအားပြိုင်တာတွေ တွေ့နေရပါပြီ။ လူဆိုတဲ့သဘာဝအရ အတ္တနဲ့မာနကိုပဲ ရှေ့တန်းတင်နေတာပါ။ ဂူတစ်ဂူထဲ ခြေင်္သေ့နှစ်ကောင်မအောင်းပါဘူး။ ဒါတွေ ကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ အလားတူ ပါတီကြီးဖြစ် သည့် NLD ပါတီအနေနဲ့ကတော့ သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပေးခဲ့သော် ဒေါ်စုကြည် အနေနဲ့ မြန်မာနိုင်ငံအကျိုးအတွက် သည်းခံပေးပြီး ရွေးကောက်ပွဲဝင်ကာ ကျရာတာဝန် ထမ်းဆောင်နိုင် ပါ့မလား။ သူမအရည် အချင်းအရဆိုလျင်တော့ သမ္မတလုပ်နိုင်တဲ့ အရည်အသွေေးတွရှိနေပါတယ်။ ဒါပေမယ့် NLD ပါတီဝင် တွေထဲမှာတော့ အုပ်ချုပ်ရေးနယ်ပယ်၊ စီမံခန့်ခွဲရေးနယ်ပယ်မှာတော့ အတွေ့အကြုံအရ လုပ်နိုင်တဲ့သူ မရှိ ပါဘူး။ မဖြစ်မနေကြံ့ခိုင်ရေးနဲ့ပေါင်းကိုပေါင်းရနိုင်ပါတယ်။

အာဏာခွဲဝေယူတဲ့အခါမှာ အဝေမတည့် ခဲ့သည်ရှိသော်ကတစ်ချက်၊ နောင်လာမည့် အစိုးရအနေဖြင့် တပ်မတော်အပေါ် သြဇာမညောင်းခဲ့သော် မြန်မာနိုင်ငံရေးပြဿနာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒေါ်စု သည်လည်း သမ္မတလုပ်ချင်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလာတာ တွေ့ရပါတယ်။ ရိုးသားမှု ဂုဏ်ကိုလိုချင်လို့ ထုတ်ပြောတာဆိုရင်အတိုင်း အထက်အလွန် လေးစားသွားမိမှာပါ။ ဒါမှမဟုတ် ဒေါ်စု အနေဖြင့် သမ္မတလုပ်ချင်လွန်းလို့ ဖွင့်ဟကြေငြာ ပြီးတာတောင်မှ သမ္မတလုပ်နိုင်တဲ့ အရည်အချင်း ကလည်း ရှိ၊ ထောက်ခံမဲ့ပြည် သူကလည်းရှိရဲ့သားနဲ့ သမ္မတ မဖြစ်ခဲ့ရဘူးဆိုရင် ဒေါ်စု လည်း သာမာန်ပုထုစဉ်လူသားပါပဲ။ ဒီအခါမှာ အစိုးရနဲ့ ထိပ်တိုက်တွေ့မဲ့ လမ်းစဉ် တွေ ဆောင်ရွက်လာမှာပါပဲ။ အဲဒီအခါဆိုရင်တော့ ၈၈ ခုနှစ်က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုကာလသည် ၈၈ ကခေတ်နဲ့ မတူတော့ ပါဘူး။ ဒေါ်စု သမ္မတဖြစ်ချင်တဲ့ ဆန္ဒအတော်ပြင်းထန်နေတာကိုတွေ့နိုင်တဲ့ သာဓကအနေနဲ့ ကတော့ ရခိုင်-ဘင်္ဂါလီအရေးကိစ္စတွေမှာ နိုင်ငံတကာက ထောက်ခံမှုမရမှာစိုးတဲ့အတွက် ဘင်္ဂါလီဘက် လိုက်ပေးခဲ့ ရတာရှိသလို လက်ပံတောင်းတောင်စီမံကိန်းတွင်လည်း တပ်မတော်ထောက်ခံမှု ရရှိဖို့အတွက်ရပ်တည်ပေးခဲ့ရတဲ့အပြင် လွှတ်တော်တွင်းမှာလည်း လွှတ်တော်ဥက္ကဌနဲ့ရင်းနှီးတဲ့ ဆက် ဆံရေး တွေ နဲ့ တည်ဆောက်လာတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဒေါ်စုသမ္မတ မဖြစ် ခဲ့သော် မုန်ယိုနေတဲ့ တောဆင်ရိုင်းဖြစ်မှာ စိုးပါတယ်။

တိုင်းရင်းသားပါတီများအနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သယံဇာတတွေကို ဒေသခံ တွေပါ ခွဲဝေပေးဖို့တောင်းဆိုလာသလို ဖက်ဒရယ်အုပ်ချုပ်ရေးကို ပီပီပြင်ပြင်ဖြစ်စေဖို့ တောင်းဆိုနေတာတွေ လည်းတွေ့နေရပါတယ်။

တိုင်းရင်းသားဒေသရှိ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရကို ဗဟိုချုပ်ကိုင်မှုတွေ လျော့ပေးဖို့ကို လည်း ပြောဆိုလာတာတွေကြည့်ပါက ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့် ဒေသတွေ မှာ ကိုယ်အနိုင်ရဖို့ မှန်းပြီးလုပ်ဆောင်နေပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ ၎င်းတို့ ကိုယ်တိုင် အုပ်ချုပ်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲချင်တဲ့ သဘောဖြစ်လာပါတယ်။ အဲဒီအချိန်အခါမှာ တိုင်းရင်းသားဒေသ အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းစဉ်တွေ ဟာလည်း ပြီးဆုံးမှာ မဟုတ်သေးတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပြည်နယ်အစိုးရတွေရဲ့ သယံဇာတခွဲဝေမှုတွေအကြားမှာ ပြဿနာတွေ တက်လာနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက် တခြားနိုင်ငံ များမှာကဲ့သို့ အပြောင်းအလဲလိုလားသည့် ခေါင်းဆောင်တစ်ဦးမှ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ယုံနဲ့ မြန်မာနိုင်ငံမှာ လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ပြုပြင်းပြောင်းလဲလိုသည့် သမ္မတ၊ တပ်မတော် ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ ပါဝင်မှသာလျင် မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုအား ညင်ညင်သာသာဖြင့် အောင်မြင် စွာဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

We Love True

No comments:

Post a Comment