Friday, August 2, 2013

ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန်

Photo: ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန်
Friday, Augest 02, 2013

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း သြဂုတ် ၁ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၃ အရ သိရသည်။

အဆိုပါ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု သတင်းထုတ်ပြန်ခြင်းအရ ၂၇-၇-၂၀၁၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေလွှမ်းမိုးကာ ရေဘေးဒုက္ခများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်း မြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆၇၃၃ စုမှ လူ ၃၃၄၀၉ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီလျက် ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူသုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့် သင်္ကန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု တစ်နေရာ၊ ခေတ္တပိတ်ထားရသော စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်း ရေနစ်မြုပ်မှု ၃၀၉၀၇ ဧကရှိကြောင်း ဖော်ပြသည်။

အလားတူ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၀၅၀ စု မှ လူ ၄၆၈၀ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ် ကူညီခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းသုံးခု ဆက်လက်ဖွင့်လှစ်၍ ကူညီစောင့်ရှောက် လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့အစည်း များကလည်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ကူညီပေးလျက် ရှိကြောင်းကိုလည်း ဖော်ပြထားသည်။

ရေဘေးသင့် ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ဖုန်းနံပါတ် ၀၅၈-၂၁၁၈၂ ၊ ၀၅၈-၂၃၂၁၆၊ ၀၉၈၇၂၀၈၉၈) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ဖုန်းနံပါတ် ၀၆၇-၄၀၄၀၅၀၊ ၀၉၈၆၀၀၀၂၅) တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Eleven Media Group

ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့ ရေကြီးမှု ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေ ဆုံးပြီး တစ်ဦးပျောက်ဆုံးနေကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း သြဂုတ် ၁ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၃ အရ သိရသည်။

အဆိုပါ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင် ရွက်မှု သတင်းထုတ်ပြန်ခြင်းအရ ၂၇-၇-၂၀၁၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှု များကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေလွှမ်း မိုးကာ ရေဘေး ဒုက္ခများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် ၊ ကော့ကရိတ်မြို့ နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်း မြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆၇၃၃ စုမှ လူ ၃၃၄၀၉ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီလျက် ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူသုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့် သင်္ကန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု တစ်နေရာ၊ ခေတ္တပိတ်ထားရသော စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်း ရေနစ်မြုပ်မှု ၃၀၉၀၇ ဧကရှိကြောင်း ဖော်ပြသည်။

အလားတူ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့ တွင်လည်း ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၀၅၀ စု မှ လူ ၄၆၈၀ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ် ကူညီခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းသုံးခု ဆက်လက်ဖွင့်လှစ်၍ ကူညီစောင့်ရှောက် လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့အစည်း များကလည်း ကရင်ပြည်နယ် မြ၀တီမြို့ ရှိ ရေဘေး သင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ကူညီပေးလျက် ရှိကြောင်းကို လည်း ဖော်ပြ ထားသည်။

ရေဘေးသင့် ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ဖုန်းနံပါတ် ၀၅၈-၂၁၁၈၂ ၊ ၀၅၈-၂၃၂၁၆၊ ၀၉၈၇၂၀၈၉၈) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ဖုန်းနံပါတ် ၀၆၇-၄၀၄၀၅၀၊ ၀၉၈၆၀၀၀၂၅) တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

Eleven Media Group

ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့ ရေကြီးမှု ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))

No comments:

Post a Comment