Thursday, August 22, 2013

အီလက်ထောနစ် ဥပဒေကြမ်း ဆွေးနွေးဖို့ လွှတ်တော်လက်ခံ

law, fairness
(Credit: ABC) 
မြန်မာစစ်အစိုးရလက်ထက်က ​နိုင်ငံရေး ​တက်ကြွလှုပ်ရှားသူတွေကို​စွဲချက်တင်ပြီး ​နှစ်ရှည်ထောင် ဒဏ်တွေချမှတ်လေ့ရှိတဲ့ ​အီလက်ထရောနစ်​ဥပဒေ ​ပြင်ဆင်ထားတဲ့မူကြမ်းကို ​လွှတ်တော်က ​သြဂုတ်လ ​၂၁ရက်နေ့မှာ ​ဆွေးနွေးဖို့အတွက် ​သဘောတူ ​လက်ခံလိုက်တယ်လို့ ​သိရပါတယ်။
အီလက်ထရောနစ် ​ဥပဒေကို ​ဗိုလ်ချူပ်မှူးကြီး ​သန်းရွှေက ​၂၀၀၄ ​ခုနှစ်မှာ ​လက်မှတ်ထိုးပြဌာန်း ​ထား ခဲ့တာဖြစ်ပါတယ်။ ​ဒီဥပဒေမူကြမ်းကို ​ပြည်သူ့လွတ်တော် ​ကိုယ်စားလှယ် ​ဦးသိန်းညွန့်က ​လွှတ်တော်မှာ ​တင်သွင်းခဲ့တာဖြစ်ပြီးတော့ ​ဥပဒေပြင်ဆင်မှုနဲ့ ​ပတ်သက်ပြီး ​ဦးသိန်းညွှန့်က ​အခုလိုပြောပါတယ်။
ဒီဥပဒေမှာပါတဲ့ ​မူလပြဌာန်းချက်မှာ ​အင်မတန်ကျယ်ပြန့်ပြီးတော့ ​လိုရင် ​လိုသ လိုပေါ့ ​နိုင်ငံရေး အရလည်း ​တကယ်လည်း ​သုံးခဲ့တဲ့ ​ဥပဒေ ​ဖြစ်ပါတယ်။ ​အဲ့ဒါကြောင့် ​ကျနော် ​ဒီမှာ ​ကင်းလွတ် ချက်တစ်ခုကို ​ထည့်သွင်းထားပါတယ်။ ​ဤပြဌာန်းချက်သည် ​နိုင်ငံတော် ​လုံခြုံရေး ​တရားဥပဒေ ​စိုးမိုးရေး ​ရပ်ရွာအေးချမ်းသာယာရေး ​သို့မဟုတ် ​ပြည်သူတို့၏ ​ကိုယ်ကျင့်တရား ​အလို့ငှါ ​ပြဌန်း ထားသည့် ​ဥပဒေများနှင့် ​မဆန့်ကျင်သော ​မိမိ၏ယုံကြည်ချက် ​ထင်မြင်ယူဆချက်များကို ​လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ​ရေးသားဖြန့်ဝေခွင့်တို့ ​သက်ဆိုင်သည် ​ဆိုပြီးတော့ ​ကင်းလွတ်မှုထည့်ပြီးတော့ ​တင်ခဲ့ပါတယ်။” 
ဥပဒေထဲမှာပါတဲ့ ​ပုဒ်မ ​၃၃ ​မှာ ​အရင်က ​ထောင်ဒဏ် ​အနည်းဆုံး ​၇ ​နှစ်ကနေ ​အများဆုံး ​၁၅ ​နှစ်အထိ ​ချမှတ်နိုင်တဲ့အပြင် ​သေဒဏ်လည်း ​ချမှတ်နိုင်တယ်ဆိုတဲ့ ​ပြဌာန်းချက်ကို ​အနည်းဆုံး ​ထောင်ဒဏ် ​၃ ​နှစ်ကနေ ​အများဆုံး ​၇ ​နှစ် ​ချမှတ်ဖို့နဲ့ ​ငွေဒဏ်လည်း ​ချမှတ်ဖို့ ​ပြင်ဆင်ထားတာဖြစ်တယ်လို့ ​ဦးသိန်းညွန့်က ​ပြောပါတယ်။
ပုဒ်မ ​၃၄မှာလည်း ​အရင်က ​ထောင်ဒဏ် ​၅နှစ်ချတ်မှတ်ထားတာဖြစ်ပြီး ​အခုဆိုရင် ​ဒဏ်ငွေ ​မဆောင်နိုင် မှ ​ထောင်ဒဏ် ​၆လကျခံဖို့ ​ပြင်ဆင်ထားတာဖြစ်ပါတယ်။ ​အဲဒါအပြင် ​ပုဒ်မ ​၃၅မှာလည်း ​ထောင်ဒဏ် ​၃နှစ်ချမှတ်ထားတဲ့နေရာမှာ ​ငွေဒဏ်နဲ့ပေးဆောင်ဖို့ ​ပြင်ထားသလို ​ဒဏ်ငွေ ​မဆောင်နိုင်မှ သာ ​ထောင် ဒဏ် ​၃လချမှတ်ရမယ်ဆိုပြီး ​ပြန်လည်ပြင်ဆင်ထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။
ဒီဥပဒေကို ​ဖျက်သိမ်းပေးဖို့ ​ဇန်န၀ါရီတုန်းက ​ပထမတကြိမ်တင်ပြခဲ့ပေမဲ့ ​လွှတ်တော်က ​လက်မခံပဲ ​ပယ်ချခဲ့တဲ့အတွက် ​အခုဒုတိယအကြိမ်အနေနဲ့ ​ဥပဒေကြမ်းကို ​ပြန်လည် ​ပြင်ဆင်ပေးဖို့ ​ထပ်မံ အဆို တင်သွင်းခဲ့တာ ​ဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေး ပို့ထားပါတယ်။

ABC Radio

No comments:

Post a Comment