Thursday, August 22, 2013

မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ

Image: Policemen from Indonesia's elite anti-terrorism unit Detachment 88 Image 2011-09-21
အကြမ်းဖက်သမားတွေကို လက်လံနှိမ်နင်းဖမ်းဆီးနေတဲ့ အင်ဒိုနီးရှားရဲတွေ (Credit: Reuters) 
အင်ဒိုနီးရှားနိုင်ငံ ​ဂျကာတာမြို့မှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ကြံစည်မှုနဲ့ ​သံသယဖြစ်နေတဲ့ ​အမျိုးသားလေးဦးကို ​အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ ​သိရပါတယ်။
သံသယဖြစ်ဖွယ်ရာ ​လူလေးဦးကို ​စနေနေ့ကနေ ​အင်္ဂါနေ့အထိ ​လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး ​အင်္ဂါနေ့ မှာ ​ဖမ်းမိတဲ့ ​အမျိုးသားနှစ်ဦးဟာ ​အကြမ်းဖက်မှုနဲ့ ​ထောင်ဒဏ်ရှစ်နှစ် ​ကျခံရဖူးသူတွေဖြစ်ပြီးတော့ ​၂၀၀၈ခုနှစ်ကမှ ​ပြန်လွတ်လာတာဖြစ်တယ်လို့ ​အင်ဒိုနီးရှားရဲတပ်ဖွဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Ronny ​Sompie ​က ​ပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ​ဗုဒ္ဓဘာသာ ​မြန်မာလူမျိုးတွေနဲ့ ​မွတ်စလင်တွေကြားက ​ပဋိပက္ခတွေဟာ ​အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ​မွတ်စလင်လူမျိုးတွေကို ​အမျက်ဒေါသ ​ပိုမိုတိုးပွားစေခဲ့ပြီး ​အခုဖမ်းဆီးမိတဲ့ ​အမျိုးသားလေးဦးဟာ ​မြန်မာသံရုံးကိုဗုံးခွဲဖို့ ​ကြံစည်မှုမှာ ​ပါဝင်တယ်လို့ ​သံသယဖြစ်ခံထားရ သူတွေ ​ဖြစ်ကြောင်း ​ရဲတပ်ဖွဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​က ​ပြောပါတယ်။
မေလ ​၂ရက်နေ့တုန်းက ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့အတွက် ​ကျောပိုးအိတ်ထဲမှာ ​လက်လုပ်ဗုံး ​ငါးလုံး သယ်ဆောင်လာတဲ့ ​အမျိုးသား ​၂နှစ်ဦးကို ​အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကြာသေးခင်ကပဲ ​ဂျာကာတာမှာရှိတဲ့ ​အက္ကယာန ​ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ​မွတ်စလင် ​စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ​ဗုံးခွဲတိုက်ခဲ့ပြီး ​လူတဦးအနည်းငယ် ​ဒဏ်ရာရရှိခဲ့တယ်လို့ ​သိရပါတယ်။

ABC Radio

No comments:

Post a Comment