Monday, August 19, 2013

တရုတ်မှာ သေသူ ကိုယ်ခန္ဓာအစိတ်ပိုင်း ယူသုံးခွင့် မူပြောင်းလဲ

Image: Organ for transplant being stored in ice Image 2009-11-16
အစားထိုး ကုသပေးနိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရေခဲဗူးထဲသိုလှောင်ထား (Credit: ABC)
တရုတ်နိုင်ငံမှာ ​သေဒဏ်ချမှတ်ခံရတဲ့ ​ထောင်သားတွေရဲ့ ​ကိုယ်ခန္ဓာအစိတ်အပိုင်းကိုယူပြီး ​နာ မကျန်းဖြစ်သူတွေကို ​လွဲပြောင်းအစားထိုး ​ကုသပေးနေတဲ့ ​စနစ်ကို ​နိုဝင်ဘာလကစပြီး ​တဖြေးဖြေး ​ပပျောက်သွားအောင် ​လုပ်ဆောင်မယ်လို့ ​တရုတ်အစိုးရက ​ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံ ​ရိုးရာစဉ်လာအရ ​သေဆုံးသူတွေဟာ ​မိမိရဲ့ ​ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ ​တခါတည်း ​မြေမြုပ်သဂြိုလ်တာတွေ၊ ​မီးသဂြိုလ်တာတွေ ​လုပ်ရမယ်လို့ ​ယုံကြည်ကြတဲ့အတွက် ​အစိုးရ ကနေ ​သေဒဏ်ချမှတ်ခံရသူ ​အကျဉ်းသားတွေရဲ့ ​ကိုယ်ခန္ဓာအစိတ်အပိုင်းကို ​တခြားလူတွေ ​ဆက်လက် အသက်ရှင်နိုင်အောင် ​ပေးလိုက်တဲ့ ​အစီအစဉ်အပေါ် ​ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ခုအခါမှာ ​သေဒဏ်ကျအကျဉ်းသားတွေရဲ့ ​ကိုယ်ခန္ဓာအစိတ်အပိုင်း ​ပေးလျူမှုကို ​နိုဝင်ဘာလက ​စပြီး ​တဖြေးဖြေး ​လျော့ချမှာဖြစ်ပြီး ​မိမိသဘောအရ ​ပေးလျူဖို့ ​တောင်းဆိုလာတဲ့ ​လူတွေရဲ့ ​ခန္ဓာကိုယ် ​အစိတ်အပိုင်းကိုသာ ​ပေးလျူးတော့မယ်လို့ ​သိရပါတယ်။

ABC Radio

No comments:

Post a Comment