Monday, August 19, 2013

အခြေခံဥပဒေပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးပိုင်းလုပ်မှ ဖြစ်နိုင်မယ်လို့ဆို

radio australia, shwe mahn
လွှတ်တော်နာယက သူရ ဦးရွှေမန်း (Credit: ABC) 
မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ  ​ဥပဒေ ​ပြင်ဆင်ရေး ​ပြုလုပ်ဖို့ ​သမ္မတ ​ဦးသိန်းစိန် ​ဦးဆောင်တဲ့ ​ အုပ်ချုပ်ရေးပိုင်းက  ​အဓိက ​လုပ်ဆောင်မှ ​ဖြစ်လာ ​နိုင်မယ်လို့ ​ပြည်ထောင်စု ​လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ​အနေနဲ့​သမ္မတ ​ဖြစ်လာ​နိုင်ဖို့ ​တားမြစ်ထားတဲ့ ​ပုဒ်မတွေအပြင် ​အာဏာရှိ ​ပုဂ္ဂိုလ်တွေက ​ဥပဒေ ​အထက်မှာ ​ရှိနေတာတွေနဲ့ ​လွှတ်တော်မှာ ​စစ်တပ်ကနေ ​၂၅% ​နေ ​ရာယူထားတဲ့ ​အချက်တွေကြောင့် ​အစိုးရ ​အနေနဲ့ ​ဥပဒေ ​ပြင်ဆင် ​ပြောင်းလဲရေးကို ​ဆောင်ရွက်မယ် ​ဆိုရင်တောင် ​လွှတ်တော်ကနေ ​အတားအဆီး ​ပြု ​လုပ်နိုင်တယ်လို့ ​ဒီမိုကရေစီရေး ​လုပ်ကိုင်ဆောင် ​ရွက်နေသူတွေက ​ဆိုပါတယ်။
လွှတ်တော် ​ဥက္ကဌ ​သူရဦးရွှေမန်းကတော့ ​အခြေခံ ​ဖွဲ့စည်းပုံ ​ဥပဒေ ​ပြင်ဆင်ရေးကို ​သမတ ဦးသိန်းစိန်ရဲ့ သဘောတူညီချက်ရမှ ​ဖြစ်နိုင်မယ်လို့ ​သတင်းထောက်တွေကို ​ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့တလက ​   မြန်မာ ​နိုင်ငံရဲ့  ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြင်ဆင်ရေး ​ပြုလုပ်ဖို့ ​လွှတ်တော်အမတ် ​၁၀၉ ​ဦးပါဝင်တဲ့ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​လေ့လာသုံးသပ်ရေးကော်မတီကို ​ဖွဲ့ခဲ့ပြီး၊ ​လက်ရှိ ​အစိုးရပါတီ ​ဖြစ်တဲ့ ​USDP ​က ​၅၂ဦး၊ ​စစ်တပ်က ​၂၅ဦး ​နဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​ဦးဆောင်တဲ့  ​NLD  ​ပါတီက ​၇ဦး ​ပါဝင်ခဲ့ပါတယ်။
ဥပဒေပြင်ဆင်မှု ​ဘယ်လောက် ​အတိုင်းအတာအထိ ​အောင်မြင် ​နိုင်သလဲဆိုတာ ​အဓိက ​အုပ်ချုပ်ရေး ဘက်ပါဝင်မှု ​အရေးကြီးတယ်လို့ ​ဆိုပါတယ်။
မြန်မာ့အရေး ​စောင့်ကြည့်​သုံးသပ်သူတွေကတော့ ​မြန်မာ​နိုင်ငံရဲ့ဖွဲ့စည်းပုံ ​အခြေခံ​ဥပဒေ ​ပြင် ဆင်ရေး ​ပြု လုပ်ဖို့ ​အဟန့်အတားက ​လွှတ်တော်တွင်းက ​စစ်တပ် ​၂၅% ​က ​အဟန့် အတားပြု ​နိုင်တယ်လို့ ​ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ​သူရဦးရွှေမန်းတို့ကတော့ ​မြန်မာ ​နိုင်ငံသမ္မတ ​ဖြစ်လိုကြတဲ့ ​အကြောင်း ​ပြော ခဲ့ပြီး ​သမ္မတဦးသိန်းစိန်ကတော့ ​သမ္မတအဖြစ် ​ပြန်​လည် ​ရွေးကောက်ခံ​မယ်ဆိုတာကို ​တရား ဝင် ​ကြေညာတာ ​မရှိသေးဘူးလို့ ​သိရပါတယ်။

ABC Radio

No comments:

Post a Comment